စက်ရုပ်လူသားတွေအကြောင်းကြားဖူးပါသလားစက်ရုပ်တွေဟာ လူသားတွေရဲ့အလုပ်တွေကို အစားထိုးလုပ်ဆောင်ပေးနိုင်တဲ့အခြေအနေကိုရောက်ရှိလာပါပြီ ဂျပန်နိုင်ငံဟာ ဒီနည်းပညာမှာအရမ်းတိုးတက်နေသလိုပဲ အင်ဒိုနီးရှားကလည်း စက်ရုပ်နည်းပညာကိုလိုက်မှီလာပါပြီ ဆိုနိုင် ကနိုင် ဧည့်ခံနိုင်တဲ့စက်ရုပ်တွေအပြင် လူသားတွေရဲ့အပြုအမူတွေကို ပြန်လည်တုံ့ပြန်နိုင်တဲ့စက်ရုပ်တွေထွက်ရှိလာပါပြီ ။

အခုဖော်ပြမယ့် စက်ရုပ် ၅ ခုကတော့ ကမ္ဘာပေါ်မှာ အလှဆုံးစက်ရုပ် ၅ ခုဖြစ်ပါတယ် ..

1.Aiko

Akio ဟာအသက် ၂၀ အရွယ်ကောင်မလေးတစ်ယောက်ပုံသဏ္ဍာန်ရှိပြီးတော့ ခန္ဓာကိုယ်အရွယ်အစားလှပပြီး တောက်ပတဲ့ဆံပင်တွေရှိတဲ့စက်ရုပ်လေးတစ်ရုပ်ပါ ။ အင်္ဂလိပ်လိုနဲ့ ဂျပန်လိုပြောဆိုနိုင်ပြီးတော့ သချင်္ာဉာဏ်စမ်းတွေဖြေရှင်းနိုင်တဲ့အပြင် လူတွေကို မှတ်မိနိုင်စွမ်းရှိပါတယ် ။ ကနေဒါမှာနေတဲ့ Le Trung ဆိုတဲ့ပရိုဂရမ်မာတစ်ယောက်ဟာ Akio ကိုတီထွင်ခဲ့တာဖြစ်ပါတယ် ။ သူဟာ ဘဝမှာလက်တွဲဖော်မရနိုင်တဲ့အတွက် သူ့ရဲ့ဆန္ဒနဲ့တစ်ထပ်ထဲကျနိုုင်မယ့် Akio ကိုတင်ထွက်ခဲ့တာပါ ။ ဒီစက်ရုပ်အတွက် ကုန်ကျငွေပေါင်း ဒေါ်လာ ၂ သောင်းနီးပါးရှိပြီးတော့ သူ့ကိုထောက်ပံ့ပေးမယ်ဆိုရင်တော ့အနာဂတ်မှာ ဒီထက်ပိုချောမောလှပတဲ့စက်ရုပ်တွေထုတ်လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ် ။

2.Simroid

Simroid ကတော့ သွားဘက်ဆိုင်ရာလေ့ကျင့်ရေး ကိစ္စတွေအတွက် Nippon Dental University Hospital နဲ့ Marita Manufacturing Tooth မှဖန်တီးလိုက်တဲ့စက်ရုပ်တစ်ခုဖြစ်ပါတယ် ။ Kokoro ဆိုတဲ့ စက်ရုပ်စိတ်ဝင်စားသူတစ်ယောက်မှဖန်တီးထားတာဖြစ်ပြီးတော့ ဒီစက်ရုပ်ကိုဆွဲဆောင်မှုရှိအောင် ဖန်တီးထားတဲ့အပြင် ဆံပင်အရှည်တွေနဲ့ အရပ်အမြင့်ပေ ၁၆၀ ရှိပါတယ် ။ လေ့ကျင့်နေစဉ်အတွင်းမှာ မနှစ်မြို့စရာခံစားရတဲ့အခါမှာ မျက်နှာမှာအမူအယာဖော်ပြနိုင်စွမ်းရှိတယ် ။ ထို့အပြင် နာ့ဗ်ကြောတွေကို သွားထိမယ်ဆိုရင်တော့ အိုး တို့ နာတယ်လို့ စသည်ဖြင့်ပြောဆိုနိုင်စွမ်းရှိတယ် ။

3.Geminioid F

Geminoid F ကတော့ Oasaka တက္ကသိုလ်မှ ပရော်ဖက်ဆာ Hiroshi Ishiguro ဖန်တီးလိုက်တဲ့စက်ရုပ်တစ်ရုပ်ပဲဖြစ်တယ် ။ Geminoid HI 1 ဆိုတဲ့ သူနဲ့ပုံစံတူစက်ရုပ်ကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့တဲ့နောက်မှာတော့ Geminoid F ဆိုတဲ့အမျိုးသမီးစက်ရုပ်ကို ထပ်မံဖန်တီးခဲ့တာဖြစ်ပါတယ် ။ ဒီစက်ရုပ်ဟာအမျိုးသမီးတွေရဲ့ပုံစံအတိုင်ဖန်တီးထားတာဖြစ်ပြီးတော့ ဆံပင်အရှည်ရှိတဲ့အပြင် ရယ်တာ ပြုံးတာ စတဲ့မျက်နှာအမူအယာတွေဟာ အရမ်းကို သဘာဝကျလွန်းလှပါတယ် ။ Geminioid F ကို အဝေးထိန်းစနစ်တစ်ခုနဲ့လည်းထိန်းချုပ်လို့ရအောင် ဖန်တီးထားပါတယ် ။ Osaka မှာလုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူဟာ မျက်နှာအမူအယာဖတ်တဲ့ကွန်ပြူတာရှေ့မှာထိုင်နေပြီး မျက်နှာအမူအယာအမျိုးမျိုးလုပ်ပြခဲ့ပါတယ် ။

4.HRP 4C

ဒီစက်ရုပ်ကတော့ ဂျပန်မှာရေပန်းစားနေတဲ့စက်ရုပ်ပါပဲ ။ Miim လို့ခေါ်တဲ့ဒီစက်ရုပ်ကိုတော့ ဂျပန်ကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Institute of Advance Industry Science and Technology မှထုတ်လုပ်လိုက်တာဖြစ်ပါတယ် ။ ဒီစက်ရုပ်ကိုတော့ ဖက်ရှင်ပွဲတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ ။ အလေးချိန် ၄၃ ကီလိုရမ်ရှိပြီးတော့ အရပ် ၁၅၈ စင်တီမီတာရှိပါတယ် ။ ဂျပန်အမျိုးသမီးတစ်ယောက်အသံနဲ့ သီချင်းဆိုနိုင်အောင်လည်း ဖန်တီးထားပါသေးတယ် ။
အနာဂတ်မှာ ဒီစက်ရုပ်တွေဟာ ဖျော်ဖြေရေးလုပ်ငန်းတွေမှာတွင်ကျယ်လာလိမ့်မယ်လို့ယူဆရပါတယ် ။

5. Jia Jia

ဒီတစ်ကြိမ်ကတော့ တရုတ်နိုင်ငံက စက်ရုပ်လေးတစ်ခုဖြစ်တဲ့ Jia Jia အကြောင်းပြောမှာပါ ။ ဒီစက်ရုပ်ဟာ တရုတ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပြီးတော့ တရုတ်အမျိုးသမီးလေးတစ်ယောက်လိုပဲ ဆံပင်ရှည်ရှည်လေးနဲ့ဖြစ်ပါတယ် ။ ဒီစက်ရုပ်ကိုတော့ ကွေးဆန့်နိုင်တဲ့ပလတ်စတစ်မျက်နှာအသားအရေ ၊ ဆံပင်အညိုရောင်နဲ့ သဘာဝအတိုင်းရွေ့လျားနိုင်စွမ်းရှိတဲ့ မျက်လုံးတွေ တပ်ဆင်ပေးထားပါတယ် ။

သူတို့အဖွဲ့ဟာ မျက်လုံးနဲ့ပတ်သတ်ပြီးတော့ အရမ်းကို ကြိုးစားခဲ့ကြကြောင်း အဖွဲ့ရဲ့ဒါရိုက်တာဖြစ်တဲ့ Chen Xiaoping ကပြောကြားပါတယ် ။ Xen နဲ့ သူ့အဖွဲ့သားတွေဟာ AI Bots တွေဟာလူသားတွေရဲ့ တာဝန်တွေကိုခွဲဝေလုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ခန့်မှန်းထားကြပါတယ် ။

ဥပမာ စားသောက်ဆိုင်အလုပ် ဆေးရုံအလုပ် နဲ့ အိမ်မှုကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ပေါ့ ။ Chen ဟာ Gadgetsnow.com မှာလည်း အနာဂတ်ဟာ Cyborg တွေရဲ့ခေတ်ပါပဲ….၅ နှစ် ၁၀ နှစ်အတွင်းမှာ တရုတ်နိုင်ငံအတွင်းမှာ စက်ရုပ်တွေအများကြီးရှိလာတော့မှာဖြစ်ပါတယ်လို့ ရေးသားထားခဲ့ပါတယ် ။

Writer – Min Thu ( XYZ NEWS )

Ads