လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ခါတော့ ညအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ညအိပ်မပျော်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ကမ႓ာ့လူပေါင်းသန်း၆၀လောက်ဟာ နာတာရှည်ညအိပ်မပျေ်ာခြင်းကို ခံစားနေရတယ်လို့ဆိုပါတယ်။ညအိပ်မပျော်ခြင်းဟာ ရက်အနည်းငယ်ကနေ နှစ်ရှည်လများအထိ ကြာမြင့်တတ်ပါတယ်။

ရေရှည်ညအိပ်မပျော်တဲ့အခါ ဘာတွေခံစားရမလဲ

(1)အက်ဆီးဒန့်များကို ဖြစ်စေခြင်း
အိပ်ရေးမဝသောကြောင့် စွမ်းအင်နည်းပါးပြီး နုံးခွေလာတတ်ပါတယ်။ထိုအခါ ကားတိုက်မှုများဖြစ်ပေါ်စေတာ သိကြမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်အိပ်ငိုက်ခြင်းကြောင့် ဖြစိသော ကားတိုက်မှုပေါင်း ၁သိန်းကျော်နဲ့ သေဆုံး မှုပေါင်း ရထောင်ကျေ်ာ ရှိပါတယ်။

(2)ဉာဏစွမ်းရည်လျော့ကျခြင်း
-တွေးခေါ်ခြင်း၊သင်ယူခြင်းနဲ့ဆောင်ရွက်ခြင်းတို့အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။အိပိရေးပျက်ပေါင်းများပါက အာရုံမစိုက်နိုင်ခြင်း၊တက်ကြွမှုမရှိခြင်း၊နဲ့ လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။

(3)ရောဂါဆိူးများ ဖြစ်ပေါ်စေခြင်း
-လေ့လာချက်များအရ ညအိပ်မပျော်သူ ၉၀ရာနှုန်းဟာ အောက်ပါ ရောဂါများကို ခံစားရတယ်လို့ဆိုပါတယ်
-ဆီးချိူရောဂါ
-နှလုံးတုန်ခြင်း
-သွေးတိုးခြင်း
-နှလုံးအားနည်းသောရောဂါ
-လေဖြတ်ခြင်း

(4)စိတ်ပိုင်းဆိုင်ရာရောဂါများ
-အိပိရေးပျက်ခြင်းကြောင့် စိတ်ကျရောဂါရရှိစေပါတယ်။တစ်ရက်ကို အိပ်ချိန်၆နာရီထက် နည်းပါးပါက စိတ်ကျရောဂါကိုရနိုင်ပါတယ်။စိတ်ကျရောဂါကြောင့်လဲ ညအိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

(5)အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း
-နေ့စဉ်အိပ်ရေးပျက်ခြင်းကြောင့် မျက်တွင်းကျခြင်း၊အသားအရေလျော့တွဲခြင်းတို့ဖြစ်ပေါ်စေပါတယ်။ကြာရှည် အိပ်ရေးပျက်ပါက အရေးအကြောင်းများကို ဖြစ်ပေါ်စေပါတယ်။အိပ်ရေးမဝပါက ကော်တီဇော်ဟိုမုန်းထုတ်လွတ်မှုများစေပြီး အသားအရေတင်းစေသော ကော်လဂျင်များကို ပျက်စီးစေပါတယ်

(6)မှတ်ဉာဏ်ယိုယွင်းခြင်း
-အိပ်ရေးမဝသောအခါ ကျွန်ပ်တို့ ဦးနှောက်က မှတ်ဉာဏ်များကို ယာယီသာသိမ်းဆည်းပေးနိုင်ပြီး အလွယ်တကူမေ့လျော့စေပါတယ်။အိပ်ရေးဝသောအခါမှသာ ရေတိုမှတ်ဉာဏ်နဲ့ရေရှည်မှတ်ဉာဏ်ကို ဆက်စပ်ပေးသော ကွန်ယက်များကိူ အားကောင်းစေတာဖြစ်ပါတယ်။

(7)ကိုယ်အလေးချိန်တိုးခြင်း
-အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတစ်ခုကတော့ မကြာခဏ ဗိုက်ဆာခြင်းဖြစ်ပါတယ်။အိပ်ချိန်ရနာရီထက်နည်းသူများဟာ အခြားလူများထက် ၂ဆ ဆာလောင်တယ်လို့ တွေ့ရှိပါတယ်။ဗိုက်ဆာစေသော ဟော်မုန်းများကို ပိုမိုထွက်စေလို့ ဖြစ်ပါတယ်။

Writer- Dr Jue ( XYZ NEWS )

Ads