တရုတ်နိုင်ငံ ဝူဟန်မြို့က ထွက်ခွာလာတဲ့လေယာဉ်တစ်စင်းက ဇန်နဝါရီ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ အဲဒီလေယာဉ်မှာ ခရီးသည် ၈၅ ယောက်အထိပါလာပါတယ်။

ဒါပေမယ့် ၀ူဟန်မြို့ကလိုက်ပါတဲ့ ခရီးသည်ဟာ ၅ ဦးသာရှိတာဖြစ်ပြီး အဆိုပါလေယာဉ်နဲ ့ပါလာတဲ့ခရီးသည်အားလုံးကိုလဲ WHO က သတ်မှတ်ထားတဲ့ ရောဂါရှာဖွေစစ်ဆေးတဲ့စက်တွေနဲ့စစ်ဆေးပြီးဖြစ်တယ်လို့ ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်လေဆိပ်အပြင် တရုတ်နိုင်ငံနဲ့အဓိကဆွက်သွယ်သွားလာနေ့တဲ့ နေရာလေးခုမှာ ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ပြောပါတယ်။

ရန်ကုန်လေဆိပ်ဟာတစ်နေ့ကို ခရီးသည်ဝင်ထွက်သွားလာမူ ရ၀၀၀ ကျော်အထိရှိတယ်လို့သိရပါတယ် ။

2019-nCoV လို့ လက်ရှိမှာ သိထားတဲ့ ဒီ ဗိုင်းရပ်စ်ပိုးဟာ ယခင်က လူတွေမှာ မကူးစက်တဲ့ ကိုရိုနာမျိုးနွယ်ဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တွေက တစ်ကမ္ဘာလုံးမှာ လူပေါင်း ၈၀၀ နီးပါး သေဆုံးခဲ့ရတဲ့ SARS ရောဂါပိုးဟာလည်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။

အခု ဖြစ်ပွားပျံ့နှံ့နေတဲ့ လက်ရှိ ရောဂါပိုးသစ်ကြောင့် သေဆုံးမှု အများစုဟာ ဝူဟန်မြို့ပတ်လည် ဟူဘေးပြည်နယ်အတွင်းကပဲ ဖြစ်ပါတယ်။

ဒီ ဗိုင်းရပ်စ်ပိုးသစ်နဲ့ ပတ်သက်ပြီး ဂျီနီဗာမှာ စည်းဝေးခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ်ကော်မတီက တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာသေးမှာ မဟုတ်ကြောင်း ပြောပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တီဒရိုက အခု ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ ပိုမိုရရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ သတ်မှတ်တာဟာ အမြင့်ဆုံး သတိပေးချက်အဆင့်ဖြစ်ပြီး WHO ကပဲ သတ်မှတ်နိုင်တာ ဖြစ်ပြီး ဇီကာနဲ့ အီဘိုလာဗိုင်းရပ်စ်တွေ ဖြစ်ပွားချိန်က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ဖူးပါတယ်။

Writer_HULK ( XYZ NEWS )

Ads