၁။ Setting ဆီအမြန်ဝင်မယ်

သင်က setting ထဲမှာ တစ်ခုခု ပြောင်းလဲချင်ရင် HomeMenu က Settings ဆီသွားစရာမလိုပါဘူး။သင့်ရဲ့အပေါ် bar ကို ဆွဲချကာ အလွယ်တကူပြောင်းလဲနိုင်မှာပါ။တချို ့ဖုန်းတွေကတော့ bar ဆွဲချရင် noti တွေသာတွေ့ရပြီး အဲ့လိုအချိန်မှာတော့ သင့်အနေနဲ့ ညာဘက်ကို ထပ်မံဆွဲမှသာ settings ကို ရောက်နိုင်မှာဖြစ်ပါတယ်။ဒါက သင့်ရဲ့ Settings App ကို သွားရောက်အသုံးပြု ခြင်းထပ် မြန်ဆန်မှာပါ။

၂။ အင်တာနက်ကို ချင့်ချိန်သုံးစွဲမယ်

သင့်ဖုန်းမှာ တစ်ခါတစ်လေ အင်တာနက်ခတွေ အလွန်ကုန်နေတာ သတိထားမိနိုင်ပါတယ်။ဒါဟာ သိပ်တော့မကောင်းလှပါဘူး။ သင့်ဖုန်း Settings ထဲက DataUsage ထဲကိုဝင်ကာ Restrict app background dataကို နှိပ်ပေးလိုက်ခြင်းဖြင့် သင့် အင်တာနက်ခ ဟာ သုံးသလောက်ထက် ပိုမကုန်တော့ပါဘူး။

၃။ Web Page တွေကို PDF အနေနဲ့ သိမ်းမယ်

Chrome ဆိုတဲ့ App ကို လူတိုင်းနီးပါးသိကြမှာပါ။ဒါ့အပြင် PC မှာရော ဖုန်းတွေမှာပါ အသုံးများကြပါတယ်။ဒါ့ကြောင့် Chrome ရဲ့ ထူးခြားချက်တစ်ခုကတော့web page တွေကို PDF အနေနဲ့ ပြောင်းလဲ ကြည့်ရှုလို့ရခြင်းပါ။Web page တစ်ခုကိုရွေးချယ်ကာ Share ကPrint ဆိုတဲ့ နေရာကိုသွားပြီး ပြုလုပ်နိုင်ပါတယ်။အသုံးဝင်တဲ့ Chrome ရဲ့ အချက်တစ်ခုပေါ့။

၄။ ဝင်ဖတ်ထားတဲ့ Web Page တွေ ရှင်းမယ်

Chrome ကို ဝင်ဖတ်လိုက်ပြီး သင် ပြန်ထွက် သွားတဲ့အခါ သင်ကြည့်ခဲ့တဲ့ Web Pages တွေက ဖွင့်လျက်ကျန်ခဲ့ပါတယ်။ဒါက သင့် battery ကို ကုန်ဆုံးစေပါတယ်။ဒါ့ကြောင့် Chrome ထဲဝင်ကာ ညာဘက်အပေါ်ထောင့်က အစက်လေး၃စက် ဆီနှိပ်ပြီး ပြန်လည်ရှင်းခဲ့သင့်ပါတယ်။

၅။ Power ခလုတ်နှိပ်ပြီး ဖုန်းချမယ်

ဒါကအသုံးဝင်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။သင့်အနေနဲ့Accessibility ထဲမှာ Power Button Call End ကိုOn ထားခြင်းဖြင့် power ခလုတ်နှိပ်ကာ ဖုန်းချနိုင်ပါပြီ။

၆။ ဖုန်းအားမြန်မြန်သွင်းမယ်

ဒါကတော့ သင့်က ဖုန်းအား အပြည့်လည်းလိုချင်တယ်အချိန်လည်း အရမ်းမပေးချင်ဘူးဆိုရင်တော့ အသုံးဝင်ပါတယ်။ ဖုန်းကို Airplane Mode ဖွင့်ပေးထားခြင်းဖြင့်သင့်ဖုန်းအား မြန်မြန်နဲ့ ပြည့်လာမှာဖြစ်ပါတယ်။

၇။ Vibrate တွေပြောင်းမယ်

သင့်ဖုန်းကို Vibrate Mode ထားတဲ့အခါမှာ ဖုန်းဆက်လာသူက ဘယ်သူဖြစ်ကြောင်းတန်းမသိနိုင်ပါဘူး။Contents ထဲမှာတော့ ဘယ်သူ့ကို ဘယ်လို vibrationမျိူ းထားမလည်း အမျိုးမျိုးပြုလုပ်နိုင်တယ်နော်။

၈။ သီချင်းကို အချိန်နဲ့ဖွင့်မယ်

ဒါကတော့ ညဘက် သီချင်းနားထောင်ရင်း အိပ်ပျော်သွားတဲ့အခါအသုံးဝင်နိုင်မှာပါ။ အချိန်အမျိုးမျိုး ပြောင်းလဲကာ သင် သီချင်း ပိတ်သွားအောင် ပြုလုပ်ပေးနို်င်ပါပြီ။ဒီ function ကို လုပ်ဆောင်နိုင်ဖို့ ဖုန်းအမျိုးအစားအ
လိုက် ကွဲပြားကြပြီး တချို ့က Clock App ထဲမှာ လုပ်ဆောင်နိုင်ပြီး တချို ့ကတော့ Music App ထဲမှာ လုပ်ဆောင်နိုင်ပါတယ်။

၉။ သင်တို့ message ပို့တဲ့ အချိန်အတိအကျကိုကြည့်မယ်

လူတစ်ယောက် reply ကို ချက်ချင်း ပြန်ခြင်း မပြန်ခြင်းကို သိချင်ကြတဲ့ လူတွေအတွက်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ။သင်တို့ messages တွေပေါ်မှာ ပါတဲ့အချိန်တွေဝါ အတိအကျတွေဖြစ်တာမို့ ထွေထွေထူးထူးတော့သွားကြည့်စရာမလိုပါဘူး။

၁၀။ Reset ချနည်းတစ်မျိုး

သင့်ဖုန်းကို တစ်ခုခုနဲ့ ထိခိုက်မိလို့ ဖွင့်မရတဲ့အခါReset ချနည်းပါ။ အခုဖုန်းတွေက battery တွေ ဖြုတ်လို့မရတော့တာမို့ ပိုဆိုးပါတယ်။ဒါ့ကြောင့် PowerButton နဲ့ Volume Down Button ကိုတစ်ချိန်တည်းနှိပ်လိုက်ခြင်းဖြင့် သင့်ဖုန်းကို Reset ချလို့ရသွားမှာပါ။

Note_မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး တစ်ချို့လုပ်ဆောင်ချက်တွေ အသုံးပြုလို့မရတာမျိုးဖြစ်နိုင်ပါတယ် ။

Writer- Min Thu ( XYZ NEWS )

Ads