သော့ကျိုးတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ ။ညပ်နေတဲ့သော့ကိုအားနဲ့လှည့်လိုက်မယ်ဆိုရင် ထက်ပိုင်းကျိုးသွားပြီး သော့တစ်ဝက် အထဲမှာပြတ်ကျန်ခဲ့တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ သော့ဝိဇ္ဇာခေါ်ပြီး ပြုပြင်လို့ပေမယ့် အတော်လေးတော့ အကုန်အကျများပါလိမ့်မယ်။ညဘက်တွေ ၊ အားလပ်ရပ်ပိတ်ရက်မျိုးတွေမှာ သော့ပျက်ခဲ့ရင်တော့ သောင်းချီကုန်ဖို့ပြင်ထားလိုက်တော့ ။

ဒီတော့ သော့ဝိဇ္ဇာခေါ်စရာမလိုပဲ ကျိုးနေတဲ့သော့ကိုဘယ်လိုဆွဲထုတ်မလဲ ။ပထမနည်းလမ်းကတော့ ညပ်နေတဲ့ သော့ဂလောက်ထဲကို ဆီအနည်းငယ်လောင်းထည့်ပါ ။ ပြီးရင်တော့ ဇာကနာတစ်ခုနဲ့ အထဲမှာတစ်နေတဲ့သော့ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပါ ။ ဇာဂနာထိုးထည့်လို့မရလောက်အောင် ဟိုးအတွင်းပိုင်းထဲမှာ ညပ်နေတာလား ။ ဒါဆိုရင်လည်းစိတ်ပူဖို့မလိုပါဘူး ။

အပြင်မှာရှိနေတဲ့ကျိုးနေတဲ့သော့ထိပ်ကို စူပါဂလူးနဲ့သုတ်ပြီး အထဲကိုပြန်ထိုးထည့်ပြီးတော့ ကော်ခြောက်အောင်ထားလိုက်ပါ ။စူပါဂလူးခြောက်သွားတဲ့အခါ ကျိုးနေတဲ့သော့နှစ်ခုက ဆက်သွားပြီဖြစ်တဲ့အတွက် ဆွဲထုတ်လို့ရပါပြီ ။ ဒါပေမယ့်ဖြည်းညှင်းစွာထုတ်ဖို့လိုပါတယ် ။

ဒီ နည်းလမ်းနှစ်ခုလုံးအလုပ်မဖြစ်ဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းကိုအသုံးပြုကြည့်ပါ ။ ဒီနည်းလမ်းကတော့ အထစ်အထစ်တွေပါတဲ့သံခေါင်းအသေးစားလေးတစ်ခုကို သော့ထဲထိုးထည့်ပြီး ပြန်ဆွဲထုတ်တဲ့နည်းလမ်းလေးပါ ။ အထစ်အထစ်တွေရှိတဲ့ဘက်ကို သော့ရဲ့အသွားဘက်မှာမျက်နှာမူပြီး သံချောင်းကိုသော့ထဲထိုးထည့်လိုက်ပါ ။ ဒါဆိုရင် သော့ကအသွားတွေနဲ့ သံချောင်းက အသွားနဲ့ချိတ်မိပြီး အလွယ်တကူဆွဲထုတ်လို့ရသွားပါလိမ့်မယ်။

သော့ဖွင့်ဖို့သော့အပိုမရှိရင်လည်း ဒီကျိုးနေတဲ့သော့နှစ်ခုကို ဆိုင်မှာ သွားပြပြီးတော့ သော့တူပွားလို့ရပါတယ် ။

Writer – Min Thu (XYZ  News)

Ads