ပြီးခဲ့တဲ့အပတ်က အီရန််က လေယာဉ်တစ်စင်းအားပစ်ချခဲ့ရာမှာ နိုင်ငံသားများသေဆုံးခဲ့ရတဲ့ နိုင်ငံ ၅ ခုက တီဟီရန်အနေနဲ့ သေဆုံးသူတွေရဲ့မိသားစုများအတွက် လျော်ကြေးပေးသင့်ကြောင်းနဲ့ ၄င်းရဲ့တုံ့ပြန်မှုကို တစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြောင်း ဇန်နဝါရီလ ၁၆ ရက်၊ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကနေဒါ၊ ယူကရိန်း၊ ဆွီဒင်၊ အာဖဂန်နစ္စတန်နဲ့ ဗြိတိန်နိုင်ငံများက အီရန်နိုင်ငံဟာ ၀မ်းနည်းပူဆွေးနေသောနိုင်ငံများအတွက် စေ့စပ်သေချာပြီး လွတ်လပ်ပွင့်လင်းမြင်သာတဲ့ အပြည်ပြည်ဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုပြုလုပ်သင့်ကြောင်းပြောကြားခဲ့တယ်လို့ လန်ဒန်မှာပြုလုပ်တဲ့အရာရှိများအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်က တီဟီရန်မှ ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ် Kiev သို့ထွက်ခွာအပြီးမကြာမီမှာ ၄င်းခရီးသည်တင်လေယာဉ်ကို ဒုံးကျည် ထိမှန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အီရန်က ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကို မှားယွင်းစွာပစ်ချခဲ့မိကြောင်း ကနဦးမှာငြင်းဆိုပေမယ့်လည်း စနေနေ့မှာတော့ဝန်ခံခဲ့ပါတယ်။ ကနေဒါနိုင်ငံသား ၅၇ ဦးအပါအဝင် စုစုပေါင်းလိုက်ပါလာသူ ၁၇၆ ဦးလုံး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံ၅နိုင်ငံကတော့ သေဆုံးသူများအား မည်သူမည်ဝါခွဲဲခြားဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ကို သိက္ခာရှိရှိ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပြီး ကြွင်းရစ်တဲ့ ပစ္စည်းတွေကို ဌာနေပြန်ပို့စေလိုတဲ့ မိသားစုတွေရဲ့ ဆန္ဒကို လေးစားသင့်တယ်လို့ အီရန်ကို တောင်းဆိုနေကြပါတယ်။

ယခုအခါမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်နိုင်ငံအပေါ် စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ အီရန်မှာ ရွေးချယ်စရာတစ်ခုပဲရှိပြီး ကမ္ဘာကလည်းစောင့်ကြည့်နေတယ်”လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရန်စစ်-ဖိလစ်ပ်ရှမ်ပိန်က လန်ဒန်ရှိသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ ယနေ့အထိစ့စပ်ညှိနှိုင်းမှုတွေကိုလက်ခံကြောင်း ၄င်းနိုင်ငံတွေကပြောကြားခဲ့ပါတယ်။ ကြသပတေးနေ့အစောပိုင်းမှာ နိုင်ငံ ၅ ခုရဲ့ နိုင်ငံခြားရေးဝန်ကြီးများက လန်ဒန်ရှိ ကနေဒါသံရုံးမှာ သေဆုံးသူများအတွက် ဂုဏ်ပြုဖယောင်းတိုင်တစ်တိုင်စီထွန်းညှိပြီး ခေတ္တငြိမ်သက်ခဲ့ကြပါတယ်။

ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း လေယာဉ် ရ၅၂ တွင်လိုက်ပါလာသူအများစုမှာ အီရန်နိုင်ငံသားများ သို့မဟုတ် နှစ်နိုင်ငံသားခံယူထားသူများဖြစ်ပြီး ၄င်းတို့ထဲမှအများစုမှာ နိုင်ငံခြားပညာသင်သွားတဲ့ကျောင်းသားများ သို့မဟုတ် အီရန်နိုင်ငံရှိဆွေမျိုးများထံ သွားရောက်လည်ပတ်ပြီးအိမ်ပြန်လာတဲ့ မိသားစုများဖြစ်ကြပါတယ်။

လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ ကနေဒါနိုင်ငံသားအရေအတွကို ဂုဏ်ပြုတဲ့အနေနဲ့ ကနေဒါရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ အွန်တာရီယိုရဲ့ ၀န်ကြီးချုပ်ကတော့ တစ်ဆုကို ကနေဒါဒေါ်လာ ၁၀၀၀၀ရှိတဲ့ ပညာသင်ဆု ၅၇ဆု ပေးအပ်ဖို့အတွက် ရံပုံငွေတစ်ရပ်ကို ကြာသပတေးနေ့က လျာထားလိုက်ပါတယ်။

သေဆုံးသူများထဲမှအများစုမှာ ကနေဒါတက္ကသိုလ် ၁၉ ခုမှ ပညာရှင်များ၊ သုတေသီများနဲ့ ကျောင်းသားများဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဗာဒင်း ပရိုင်စဆိုင်ကိုဟာ ကြာသပတေးနေ့ကပဲ သေဆုံးသွားတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို ဌာနေပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မက် ဂျာဗတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသောယူကရိန်းနိုင်ငံသား ၁၁ ဦး၏အလောင်းများကို စိစစ်ရွေးထုတ်ပြီး ၁၉ ရက်နေ့မှာ ယူကရိန်းနိုင်ငံသို့ပြန်ပို့မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့ပါတယ်။

Writer-Aung Moe(XYZ News)

Ads