-နှုတ်ခမ်းဖွဖွကိုက်ခြင်း

စိတ်ဆိုးတဲ့အခါ သို့ ရှက်တဲ့အခါ ကလေးလို နှုတ်ခမ်းဖွဖွကိုက်တဲ့ မိန်းကလေးတွေကို ယောက်ကျားလေးတွေကစွဲဆောင်မှုရှိတယ်လို့သတ်မှတ်ကြပါ တယ်။

-နူးညံ့တဲ့အသားအရည်

နူးညံ့တဲ့အသားအရည်ရှိတဲ့မိန်းမတွေလောက် ဆက်ဆီကျတာမရှိဘူးလို့ ဆိုပါတယ်။ဒါကြောင့် ရောမနဲ့အီဂျစ်အမျိုးသမီးတွေဟာ ခန္ဒာကိုယ်က အမွှေးအမျှင်တွေကို တမင်ရိတ်ပစ်ခဲ့ကြပါတယ်။

-ဆံထုံးဖွဖွထုံးခြင်း

ဆံထုံးဖွဖွထုံးခြင်းဖြင့် သင့်ရဲ့နားနဲ့လည်တိုင်ကျော့ကိုပေါ်လွင်စေပြီး ယောကျ်ားလေးတွေကိုအသဲယားစေပါတယ်။ ထက်မြက်တဲ့မိန်းမအသွင်ပေါ်စေတဲ့အပြင် မိုက်တဲ့အသွင်ကိုလဲပေးပါတယ်။

-ပုံမှန်မဟုတ်တဲ့ ခပ်မိုက်မိုက်ပုံစံလေးများ

တခါတလေမှာ တက်တူးနဲ့ဆံပင်အရောင်ဆန်းလေးတွေဆိုးထားတဲ့ ကောင်မလေးတွေကို ယောက်ကျားလေးတွေရင်ခုန်တတ်ကြပါတယ်။ မြင်နေကြမဟုတ်တဲ့ ဒီဇိုင်းလေးတွေက ဆွဲဆောင်မှုရှိပါတယ်။

-ယောကျ်ားလေး shirt၀တ်ထားတဲ့ကောင်မလေး

သင့်ချစ်သူ အကျႌကိုသင်ယူဝတ်တာကို သင့်ချစ်သူက သဘောကျတတ်ပါတယ်။ဒါဟာ သင့်အနေနဲ့သူနဲ့နီးနီးကပ်ကပ်ရှိလိုတယ်လို့ ခံစားရစေပါတယ်။

-ပုခုံးပေါ်အကျႌလေးတွေ

ပုခုံးသားလေးတွေပေါ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အလှက ကောင်လေးတွေကိုဖမ်းစားနိုင်ပါတယ်။နူးညံ့မှုနဲ့ ညှို့ဓာတ်ပြင်းမှုကို တပြိုင်နက်တည်းပေးနိုင်ပါတယ်။

-ယုံကြည်မှုရှိတဲ့မိန်းကလေး

ကိုယ့်ကိုယ်ကိုလှမှန်းသိတဲ့ ယုံကြည်မှုရှိတဲ့မိန်းမတွေက အလွန်ဆက်ဆီကျတယ်လို့ အမျိူးသားထုကြီးကဆိုပါတယ်။

-ဒေါက်ဖိနပ်နဲ့ခြေလှမ်းလှလှလေး

Heelအမြင့်တွေကို မိန်းကလေးတိုင်းမစီးကြပေမယ့် ဒီဒေါက်အမြင့်တွေဟာ သင့်ခြေလှမ်းကိုsmartကျစေမယ့်အပြင် သင့်ကောက်ကြောင်းကိုပိုမိုလှပစေပါတယ်။

– sexyကျသောအသံပိုင်ရှင်

မာရီလင်မွန်ရိုးလို ဆက်ဆီကျတဲ့အသံပိုင်ရှင်မိန်းကလေးတွေကို ပုရိသတွေ ခိုက်တတ်ကြတာအမှန်ပါပဲ။Viagraဆေးထက်တောင် လူကိုယစ်မူးစေတယ်လို့ဆိုပါတယ်။

-နှုတ်ခမ်းဖူးဖူးလေး

ဆက်ဆီကျခြင်းရဲ့သင်္ကေတမို့ ယောက်ကျားတွေရဲ့လည်ပြန်အကြည့်ကိုရစေပါတယ်။

-အားကစားဝတ်စုံ

Gym၀တ်စုံနဲ့ မိန်းကလေးတွေကိုလဲ ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။

-ဟန်ဆောင်မှုကင်းသောအပြုံး

ကောင်လေးတော်တော်များများဟာ ဟန်ဆောင်အပြံုးတွေထက် အားပါးတရရယ်မောတတ်တဲ့ ကောင်မလေးတွေကို ဟန်ဆောင်မှုကင်းပြီး ချစ်ဖို့ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။

Writer_Dr Jue ( XYZ NEWS )

Ads