ကမ္ဘာကြီးပူနွေးလာတာကိုမြင်ကြတော့ ရေခဲတွေအကုန်အရည်ပျော်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးစရာတစ်ခုဖြစ်လာပါတယ် ။ တစ်ချို့ကလည်း မြေပြင်အားလုံး ရောက်အောက်ရောက်သွားမယ်လို့ခန့်မှန်းထားကြပြီး တစ်ချို့ကတော့ ရေခဲတွေအားလုံးအရည်ပျော်သွားတဲ့ ဖြစ်ရပ်မျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ထားကြပါတယ်။

ဒါပေမယ့်တကယ်လို့သာ ရေခဲတွေအားလုံး အရည်ပျော်သွားခဲ့ရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ ။လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က အာတိတ်ရေခဲပြင်ဟာ အခုလိုပုံသဏ္ဍာန်မျိုးမဟုတ်ပါဘူး ။
၁၉၄၅ ခုနှစ်ထဲက အာတတ်ပင်နူဆူလာရေခဲပြင်မှ ၉၇ ရာခိုင်နှုန်းဟာ အရည်ပျော်ကျသွားခဲ့ပါပြီ ။ ရာစုနှစ်တိုင်းမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၃ ရာခိုင်နှုန်းလောက်မြင့်တက်လာလေ့ရှိပါတယ်။

၂၀၄၀ -၂၀၅၀ လောက်ဆိုရင်တော့ အာတိတ်သမုဒ္ဒရာက ရေခဲတွေအကုန်အရည်ပျော်ကျသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ် ။ရေခဲပြင်တွေဟာ အဖြူရောင်ဖြစ်နေတဲ့အတွက် နေရဲ့အလင်းရောင်ကို ရောင်ပြန်နိုင်စွမ်းရှိတာကြောင့် ဝင်ရိုးစွန်းဒေသတွေမှာ အေးနေရတာပါ ။ရေခဲတွေမရှိတော့တဲ့အခါ ဝင်ရိုးစွန်းဒေသတွေမှာ နွေရာသီလို ပူပြင်းလာပါလိမ့်မယ် ။

ဒါတင်မကသေးပါဘူး ။အာတိတ် ရေခဲပြင်ဟာ မီသိန်းဓါတ်ငွေ့ထုကြီးခဲနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် ။ရေခဲတွေအရည်ပျော်သွားတဲ့အခါ မီသိန်းဓါတ်ငွေ့တွေလေထဲလွင့်ထွက်ပြီး ကမ္ဘာကြီးကို ပူမိုပူနွေးလာစေပါလိမ့်မယ် ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့လေထုကလည်း မားစ်ဂြိုလ်ပေါ်ကလေထုလို တဖြည်းဖြည်းပါးလွှာသွားပြီး ပျက်ဆီးသွားပါလိမ့်မယ် ။ရေခဲတွေအလျင်အမြန်အရည်ပျော်ကျတဲ့အခါ ကမ္ဘာပေါ်ကထုထည်အပြောင်းအလဲကြောင့် ငလျင်ကြီးတွေလှုပ်ခတ်လာနိုင်ပါတယ် ။

ရေခဲတွေအရည်ပျော်လာတာက ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာတာကတော့ ဖန်လုံအိမ်အာနိသင်ကြောင့်ပဲဖြစ်ပါတယ် ။ဒါကြောင့်သဘာဝဗေဒပညာရှင်တွေဟာ ဖန်လုံအိမ်အာနိသင်လျော့ချနိုင်ဖို့အတွက် စွမ်းအင်အသုံးပြုမှုကို အတတ်နိုင်ဆုံးချွေတာဖို့တွန်းအားပေးနေကြတာပဲဖြစ်ပါတယ်။

Ref : Daily Mail

Writer – Min Thu (XYZ News )

Ads