ဩစတြေးလျ အရှေ့ပိုင်းက မြို့ပြနဲ့ မြို့နယ် တစ်ဒါဇင်ကျော်ဟာ နောက်ဆုံး သောက်သုံးရေ ကုန်သွားတဲ့ ရက်ဆိုတဲ့ Day Zero နေ့ရက်ဆီ ခပ်မြန်မြန်ပဲ ရောက်ရှိလို့နေပါပြီ။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် ဩစတြေးလျနိုင်ငံဟာ မကြုံစဖူး မိုးခေါင်မှုတွေနဲ့ သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရကြောင်း Agence Grance-Presse က ဖော်ပြပါတယ်။

တစ်ချို့မြို့တွေဆိုရင် ရေပြတ်လပ်သွားပြီ ဖြစ်ပါတယ်။ ကျန်တဲ့ မြို့တွေဟာလည်း လအနည်းငယ်စာသာ ရေကျန်တော့ပြီး ဒီနှစ်အတွင်းမှာပဲ သောက်သုံးရေ ပြတ်လပ်သွားဖို့ ရှိနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးပြိုလဲမှုဒဏ်ရဲ့ ခြိမ်းခြောက်မှုကို ဒေသခံတွေဟာ ခါးစည်းရင်ဆိုင်နေရပါပြီ။
စိုက်ခင်းတွေဟာလည်း ရေခန်းခြောက်နေပြီး လူတွေက ရေတစ်ခွက်၊ တစ်ဘူး ရနိုင်မလားဆိုပြီး မျှော်လင့်နေပေမယ့် စတိုးဆိုင်တွေဟာလည်း ပိတ်ထားပါတယ်။ ရေခိုးမှုတွေတောင် ဖြစ်ပေါ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

“ကျွန်တော် သိတဲ့ တစ်ချို့ စိုက်ပျိုးသူတွေဆို ကာလတိုအတွင်းမှာပဲ ဒီနှစ်ထဲ ဘာမှ ထွန်ယက်မစိုက်ပျိုးတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြရတယ်။”လို့ သံပရာစိုက် တောင်သူ အန်ဂတ်စ်က ပြောပါတယ်။

အန်းဂတ်စ်ဟာ သံပရာပင်ထောင်သောင်းချီ စိုက်ပျိုးထားတာ ဖြစ်ပေမယ့် ထောင်နဲ့ချီတဲ့ အပင်တွေ သေကုန်တော့မှာကို ထိုင်ကြည့်နေရုံပဲ ရှိတော့တဲ့ အခြေအနေပါ။

ဒီ ရာသီဥတုဖြစ်စဉ်ဆိုးကို အာဏာပိုင်တွေက မကူနိုင် မကယ်နိုင်ပါ။ ဒါပေမယ့် လာမယ့်နှစ်မှာ ရေဝယ်ယူတာလုပ်ဆောင်မှာမို့ ဒါဟာဆိုရင် တောင်အာဖရိကက ရေခဲတောင်ကို ဆွဲယူလာဖို့ဆိုတဲ့ အကြံပြုချက်နဲ့ မနီးရင်းစွဲ ကုန်ကျစရိတ် ကြီးမားမှာပဲ ဖြစ်ပါတယ်။

Rf; World Economic Forum
Writer_ မောင်သံဆင့်(XYZ News)

Ads