၄။ အမှောင်ကျသွားမယ်(Earth total darkness)

သင်က နေဆိုတာ အလင်းရောင်ပေးနိုင်တဲ့ဘောလုံးကြီးလို့ပဲ တွေးမိမှာပါ။ ဒါကသင့်ကိုနွေးထွေးမှုပေးနိုင်တဲ့ အရာတစ်ခုပါ။ဒါ့ကြောင့်လည်း နေသာပျောက်ကွယ်သွားမယ်ဆိုရင် ကမ္ဘာကြီးက လုံးဝအမှောင်အတိပြီးသွားမှာပါ။

၃။ အပူချိန်ကျဆင်းမယ်

ဒါကိုတော့ အဓိကအချက်ဖြစ်ကြောင်းသင်သတိထားမိမှာပါ။နေက အလင်းရော အပူပါပေးစွမ်းနိုင်ပြီး ဒါ့ကြောင့်လည်း ကျွန်တော်တို့အသက်ရှင်နေနိုင်တာဖြစ်ပါတယ်။ ဒီ့အတွက် နေပျောက်ကွယ်သွားရင်တော့ ကမ္ဘာ့အပူချိန်တွေကျဆင်းကာ နေထိုင်ဖို့ခက်ခဲမှာပါ။

၂။ သက်ရှိတွေမရှိနိုင်တော့

လူသားတွေဟာ နေကို အသက်ရှင်ရပ်တည်နိုင်ဖို့မှီခိုနေရပြီး နေမရှိတော့ရင်တော့ အသက်ရှင်ဖို့ ရုန်းကန်ရမှာဖြစ်ပါတယ်။ဒါပေမယ့် အမှန်တော့ လုံးဝကို သက်ရှိတွေမျိုးသုဉ်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

၁။ ကမ္ဘာကြီးလွတ်လွတ်လပ်လပ် ရွေ့လျားသွားမယ်။

ဒါကတော့ ကမ္ဘာကြီး ဘာဖြစ်သွားမလဲ သိချင်သူတွေအတွက်အဖြေပေါ့။ ကျွန်တော်တို့က အလင်းရောင်တွေ အပူတွေ ကို ဆုံးရှုံးရမှာမို့အသက်ရှင်ဖို့မဖြစ်နိုင်ပါ။ဒါ့ကြောင့်ကမ္ဘာကြီးကတော့ ပိုအေးသွားနိုင်ပါတယ်။ ကမ္ဘာတစ်လွှားမှာလည်း ပရမ်းပတာ ဖြစ်ရပ်တွေများစွာဖြစ်ပွားသွား
နိုင်ပါတယ်။

Writer – Min Thu (XYZ News)

Ads