အသက် (၁၈) နှစ်အရွယ် အန်နာဆိုတဲ့ကောင်မလေးကို ရဲအရာရှိနှစ်ဦးက လက်ထိပ်ခတ်ပြီး ချစ်တင်းနှောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

တရားခံအဖြစ်စွဲချက်တင်ခံခဲ့ရတဲ့ အက်ဒီး နဲ့ ရစ်ချက် တို့ဟာ NYPD ရဲအရာရှိတွေ ဖြစ်ကြပါတယ်။ နှစ်ဦးစလုံးကို ကောင်မလေးက မုဒိမ်းမှုနဲ့စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ထောင်ဒဏ် (၂၅)နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

အန်နာ နဲ့ သူငယ်ချင်းအမျိုးသားနှစ်ယောက် စီးလာတဲ့ကားကို အက်ဒီး တို့က မသင်္ကာလို့ စစ်ဆေးခဲ့ရာက ဒီအမှုစတင်ခဲ့တာပါ။ Anna ကို ဆေးခြောက်သုံးစွဲမှု၊ ခွင့်ပြုချက်မဲ့ဆေးတွေ သယ်လာမှုအတွက် သူတို့က ဖမ်းဆီးလိုက်ပြီး အချုပ်ခန်းထဲမှာ သူတို့နှစ်ယောက်က အန်နာကို ချစ်တင်းနှောခဲ့ကြပါတယ်။

အက်ဒီး နဲ့ ရစ်ချက် တို့ဟာ မုဒိမ်းမှုအတွက် အယူခံဝင်ခဲ့ကြရာ ပြီးခဲ့တဲ့ သြဂုတ်လ(၂၉)ရက် ကြာသပတေးနေ့မှာ သူတို့အယူခံ အောင်မြင်ခဲ့ပြီး ထောင်နန်းမစံရတော့ဘူး။ နှစ်ဦးစလုံးဟာ အန်နာ နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံထားပြီးပါတယ်။

Ref :Mirror, Writer MG (XYZ News)

တရားခံကောင်မလေးကို လက်ထိပ်ခတ်ပြီး ချစ်တင်းနှောခဲ့တဲ့ ရဲအရာရှိနှစ်ဦး





Ads