ဗြိတိန်သံအမတ်ကြီးကို တစ်စစီ အပိုင်းပိုင်း ခုတ်ထစ်သတ်ပစ်ဖို့ အီရန်နိုင်ငံက သဘောထားတင်းမာတဲ့ ထိပ်သီးဘာသာရေးဆရာတစ်ဦးဖြစ်သူ အယာတိုလက်အမတ်အလာမိုဟိုဒါက ဆော်ဩလိုက်ပြီးနောက်မှာတော့ အမတ်ကြီး ရော့ဘ်မာကာရီဟာ အီရန်ကနေ ဗြိတိန်နိုင်ငံဆီ အမြန်တိမ်းရှောင်ထွက်ပြေးသွားခဲ့ရပြီ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ထိပ်ပိုင်းဘာသာရေးဆရာတွေမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အယာတိုလက်အမတ်အလာမိုဟိုဒါက ခုလို ခြိမ်းခြောက်ဆော်ဩလာတာဟာ သံအမတ်ကြီးအတွက် ဘေးမကင်းတော့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

သံအမတ်ကြီး ရော့ဘ်မတ်ကာရီဟာ ဗြိတိန်နိုင်ငံသား လေးဦးအပါအဝင် လူပေါင်း ၁၇၆ ဦး သေဆုံးတဲ့ ယူကရိန်းလေယာဉ် ပစ်ချခံရတဲ့ ဝမ်းနည်းဖွယ်အခမ်းအနားကို တက်ရောက်ရာမှာ အီရန်နိုင်ငံရဲ့ ယာယီဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဗြိတိန်နဲ့ အီရန်နှစ်နိုင်ငံကြားက သံတမန်ရေး တင်းမာမှုမှာ သံတမန်ကြီးရော့ဘ်က အဓိက ကျနေတော့တာ ဖြစ်ပါတယ်။

အယာတိုလက်အမတ်အလာမိုဟိုဒါက လူအုပ်ကို အင်္ဂါနေ့က မိန့်ခွန်းပြောဆိုရာမှာ ရော့ဘ်မတ်ကာရီဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံရထိုက်တယ်လို့ ဆော်ဩလိုက်တာ ဖြစ်ပါတယ်။

“တစ်ချို့ကတော့ ဗြိတိန်သံအမတ်ကြီးကို ပြည်နှင်သင့်တယ်လို့ ပြောတယ်။ ဒါဟာ အရမ်းကို ကြင်နာပြလွန်းတာပဲ သူကို လွတ်ငြိမ်းခွင့် ပေးလိုက်တာပဲ ဖြစ်လိမ့်မယ်။ ဒီလို ဖြစ်ရမှာ မဟုတ်ဘူး. သူဟာ အပိုင်းပိုင်း ခုတ်ထစ်ခံရသင့်တယ်။”လို့ အယာတိုလက်အမတ်အလာမိုဟိုဒါက အယာတိုလက်အမတ်အလာမိုဟိုဒါက ပြောပါတယ်။

ခုလို ဆော်ဩပြောဆိုလာတာဟာ ခုလ အစောပိုင်းက အီရန်ရဲတပ်ဖွဲ့ဟာ ဆန္ဒပြမှုတစ်ရပ်အတွင်း သံအမတ်ကြီးကို ယာယီဖမ်းဆီးခဲ့တဲ့နောက် အယာတိုလက်အမတ်အလာမိုဟိုဒါက ခုလို တိုက်တွန်းဆော်ဩလာတာပဲ ဖြစ်ပါတယ်။

အီရန်က သံအမတ်ကြီးကို ခုလို ဖမ်းဆီးတာဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က ပြောခဲ့ပါတယ်။ သံအမတ်ကြီး မတ်ကာရီဟာ အီရန်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၁၈ မတ်လကစတင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

Rf; The Star
Writer_ မောင်သံဆင့်(XYZ News)

Ads