ဆေးခြောက်ကို အခြေခံပြီး ကုသမှုတွေ လုပ်ဆောင်ပေးမယ့် ပထမဆုံးဆေးခန်း ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ရိုးရာတိုင်းရင်းဆေးနဲ့ ဆေးခြောက်အခြေခံ ဆေးဝါးကုထုံးတွေနဲ့ ကုသမှုတွေ လုပ်နိုင်မှာဖြစ်ပြီး ပါကင်ဆန်လိုရောဂါအပါအဝင် တခြားရောဂါတွေကို ကုသနိုင်မယ့် ဒီ ဆေးခန်းမှာတော့ ဆရာဝန် ၃၉ ဦး၊ တိုင်းရင်းဆေးပညာရှင် ၄ ဦးအပါအဝင် ဆေး ဘက်ဆိုင်ရာ ဝန်ထမ်း ၁၂၅ ဦးပါဝင်မှာဖြစ်ကာ လက်ရှိအချိန်မှာတော့ ဆေးကုသဖို့ စာ ရင်းပေးသွင်းထားတဲ့ လူနာ ၂၂ ဦးရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်ကတော့ “ဆေးခြောက် က ထုတ်ယူထားတဲ့ ကုသနည်းနဲ့ အနည်းဆုံး ရောဂါအုပ်စု ၅ စုလောက်ကို ကုသပြီး သက်သာစေနိုင်မှာဖြစ်တယ်”လို့ မယ့်ရင်ခရိုင်ထဲမှ နခွန်ပင်ဆေးရုံဖွင့်ပွဲမှာ ပြောလိုက်တာ ပါ။

လက်ရှိကုသနိုင်မယ့် ရောဂါတွေထဲမှာတော့ ခေတ်မီအနောက်တိုင်းဆေးဝါးတွေနဲ့ ကုသနေရတဲ့ ပါကင်ဆန်လိုရောဂါအပါအဝင် ဝက်ရူးပြန်ရောဂါ၊ နာ့ဗ်ကြောဆိုင်ရာ ရောဂါ တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲတာ၊ အာရုံကြောမှ တ ဆင့် ဖြစ်လာတဲ့ တုန်ရီလှုပ်ရှားတာတွေနဲ့ ‌သွက်ချာပါဒလူနာတွေကို ဒီဆေးခန်းက ပေး တဲ့ ရိုးရာကုထုံးတွေနဲ့ ကုသနိုင်တယ်လို့လည်း အကြံပေးထားပါတယ်။

ခုဖွင့်လှစ်လိုက်တဲ့ ဆေးခန်းကတော့ ထိုင်းနိုင်ငံတဝှမ်း ဆေးခြောက်အခြေခံ ဆေး ဝါးကုသခြင်း ဝန်ဆောင်မှုစတုတ္ထအဆင့်အနေနဲ့ ဖွင့်လှစ်မယ့် ဆေးခန်းပေါင်း ၃၇ ခုထဲက တခုအနေနဲ့ ပါဝင်နေတယ်လို့ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေဖို့ အတွက် ဆေးဝါးအနေနဲ့ သုံးစွဲကြတဲ့ အလေ့အထရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ စိုက် ပျိုးရေးဝင်ငွေ တိုးမြင့်စေဖို့ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနဲ့ သုတေသနအတွက် အသုံးပြုမှုကို ထိုင်းအစိုးရက တရားဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads