၁။ ပျော့ကွက်နေရာများကို သတိရပါ။

မည်မျှပင် အင်အားခြင်းကွာခြားလှသော ရန်သူဖြစ်စေကာမူ ပျော့ကွက်များကို သိထားလျှင် အနိုင်ရချေ များပြားလိမ့်မည်။ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း၊ ရင်ဘတ်၊ ဒူးခေါင်းနှင့် ပေါင်ခြံတို့ကတော့ အဓိကပျော့ကွက်များဖြစ်သောကြောင့် ပို၍အကျိုးသက်ရောက်ပါလိမ့်မည်။

၂။ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးအကွက်များ

အကောင်းခုခံကာကွယ်မှု အကွက်ကတော့ သင့်ကို အန ္တာရယ်ပြုလာသူကို ခါးက ကိုင်ပေါက်ခြင်းပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်ဖြင့် တစ်ဖက်သူ၏ လက်သန်းနှင့် လက်သန်းကြွယ်ကို ကိုင်ပြီး နောက်လက်တစ်ဖက်ဖြင့် ကျန်တစ်ဖက်၏လက်ခလယ်နှင့် လက်ညှိုးကို ကိုင်၍ ပစ်ပေါက်လိုက်ပါ။ အခြားလူ၏လက်ကို ရောက်ရန် အလှမ်းမမှီပါက သူ၏ လည်ပင်းရိုး (သို့) ပေါင်ခြံကို လက်သီးနှင့် ထိုးလိုက်ပါ။

Ads

ဤနည်းအားဖြင့် သင်ထွက်ပြေးဖို့ အချိန်အလုံအလောက် ရပါလိမ့်မည်။

၃။ အကယ်၍များ သင်၏အရှေ့ဘက်မှ ဖမ်းချုပ်ခံခဲ့ရသော်

သင့်လက်သီးကို အရှေ့သို့ ဆန့်ထုတ်ပြီး သင်နှင့် တစ်ဖက်လူကြား အကွာအဝေးတစ်ခု ဖန်တီးလိုက်ပါ။ သင်၏နဖူးနှင့် တစ်ဖက်လူ၏နှာရိုးကို တိုက်ခိုက်ပါ။ ထို့နောက် ဒူးနှင့်တိုက်ပါ။

၄။ အကယ်၍ လက်ကို ဖမ်းချုပ်ခံထားရသော်

လက်ကိုတင်းကျပ်စွာ ဖမ်းဆုပ်ခံထားရသော် သင်၏လက်ကောက်ဝတ်ကို လက်မဘက်သို့ လှည့်ပြီး သင်အတတ်နိုင်ဆုံး ရုန်းပါ။

၅။ အကယ်၍ သင့်နောက်ကျောဘက်မှ ဖမ်းချုပ်ခံထားရသော်

အန ္တာရာယ်ပြုသူအများစုက သူတို့ကို မခုခံနိုင်စေရန် လက်မောင်းများကို ဖမ်းချုပ်ထားနိုင်ရန် အနောက်ဘက်မှ စတင်တိုက်ခိုက်လေ့ရှိသည်။ ဤသို့ဖြစ်လာခဲ့လျှင် တစ်ဖက်သူကို သင်၏ဦးခေါင်းနှင့် တိုက်ပါ။ အန ္တာရာယ်ပြုသူက သူ၏ခြေတစ်ဖက်ကို ရှေ့သို့ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ခြေထောက်ကို ဆောင့်ဆွဲပြီး အနေအထားပျက်အောင် လုပ်နိုင်ပါတယ်။

၆။ ဘေးဘက်မှ ချဉ်းကပ်ခံရသော်

ဘေးဘက်မှစ၍ ချဉ်းကပ်ဖမ်းချုပ်ခံရပါက သင်၏တံတောင်နှင့် သူမေး ္တရိုး၊ နှာခေါင်းကို ရိုက်ပါ။ ထို့နောက် အန ္တာရာယ်ပြုလာသူ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ကို ရိုက်ပါ။

၇။ နံရံဆီသို့ တွန်းပို့ခံရသော်

ဒီလိုအခြေအနေမျိုးနှင့် ကြုံရသော် အန ္တာရာယ်ပြုလာသူ၏ လက်နှစ်ဖက်ကို ဆန့်ဆန့်ထားပါက သင်၏လက်ဝါးနှင့် သူ၏ချိုင်းကို ခုခံပါ။ သင်၏လက်တစ်ဖက်ကို ချထားသောအခြေအနေနှင့် ကြံုရသော် အန ္တာရာယ်ပြုလာသူ၏ ရင်ဘတ်၊ လည်ပင်းနှင့် မေးရိုးကို တိုက်ခိုက်ပါ။ အသုံးဝင်အကွက်ကတော့ သင့်ဦးခေါင်းနှင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အနည်းငယ်ထိုင်ချလိုက်ပြီး အန ္တာရာယ်ပြုလာသူ၏ မေးရိုးကို ဦးခေါင်းနှင့်တိုက်လိုက်ပါက ထွက်ပြေးရန် အချိန်ရလောက်ပါတယ်။

Writer – Min Thu (XYZ News)