မှန်ကို ဖြတ်ပြီးပဝါဆွဲထုတ်ပြတဲ့ပြကွက်…

ဒီပြကွက်ကတော့ လက်ကိုင်ပါစလေးကို ညီညာနေတဲ့မှန်တစ်ချက်ပေါ်တင်ပြီးတော့ မှန်အနောက်ကနေလက်ကိုင်ပဝါစကိုဆွဲထုတ်ပြတဲ့ပြကွက်ပဲဖြစ်ပါတယ်။တကယ်တမ်းမှာတော့ မှန်ကိုဖြတ်ပြီးဆွဲထုတ်သွားတာမဟုတ်ပဲ မှန်ရဲ့အလယ်မှာ သေးငယ်တဲ့ အပေါက်သေးသေးလေးတစ်ခုပါရှိပါတယ်။

လက်ကိုင်ပါဝါမှန်ပေါ်တင်လိုက်တဲ့အချိန်မှာ မှန်အနောက်ကနေဒီအပေါက်လေးကိုဖွင့်ပြီးဆွဲထုတ်သွားတာပဲဖြစ်ပါတယ်။လက်ကိုင်ပဝါကိုဆွဲထုတ်ပြီးနောက်မှာ မှန်ကိုလက်နဲ့အုပ်ပြီးတော့ ဒီအပေါက်လေးကို ပြန်ပိတ်လိုက်တာပဲဖြစ်ပါတယ်။

ရေခွက်ဖျောက်ပြတဲ့ပြကွက်

ဒီပြကွက်မှာတော့ ရေထည့်ထားတဲ့ခွက်လေးတစ်ခွက်ကို ခုံပေါ်တင်ပြီးလက်ကိုင်ပဝါအုပ်လိုက်ပြီးနောက် လက်ကိုင်ပါဝါအုပ်ထားတဲ့ရေခွက်ကို ပြန်မယူလိုက်ပြီးတော့ လေထဲခါထုတ်လိုက်တဲ့အချိန်မှာ ရေခွက်မရှိတော့တာကို မြင်ရမှာပါ။
တကယ်တမ်းမှာတော့ လက်ကိုင်ပါဝါအုပ်လိုက်တဲ့အချိန်မှာရေခွက်ဟာ ခုံထဲက အံဝှက်ထဲကိုရောက်သွားပြီဖြစ်ပါတယ်။ဒါပေမယ့်လက်ကိုင်ပဝါကိုပြန်မယူလိုက်တဲ့အခါ ရေခွက်ပါလာသလိုမြင်ရတာကတော့ လက်ကိုင်ပဝါထဲက နန်းကြိုးခွေကြောင့်ပါပဲ။

ရေပေါ်လမ်းလျောက်တဲ့ပြကွက်..

ရေပေါ်လမ်းလျောက်တယ်ဆိုတာ သာမန်အားဖြင့်တေ့ာမဖြစ်နိုင်ပါဘူး။ ဒါမေပယ့် ရေကူးကန်ကိုဖြတ်ပြီးတော့ လမ်းလျောက်ပြနေတဲ့ မျက်လှည့်ဆရာတွေကိုတော့ သင်မြင်ဖူးမှာပါ။
တကယ်တမ်းမှာတော့ မျက်လှည့်ဆရာတွေလမ်းလျောက်နေတာဟာ ရေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ ရေမျက်နှာပြင်အောက်မှာ တပ်ဆင်ထားတဲ့ ပလတ်စတစ်အကြည်ပြားပေါ်မှာ လမ်းလျောက်နေတာပဲဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ anti gravity ကကွက်

မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကြီးက ကွက်တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်ကို ၄၅ ဒီဂရီစောင်းပြီးကပြတဲ့ကကွက်ကတော့ မြေဆွဲအားမဲ့နေတဲ့နေရာမှာကနေသလိုထင်ရတဲ့ ကကွက်တစ်ခုပဲဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းမြေဆွဲအားမဲ့နေခဲ့တာတော့မဟုတ်ပါဘူး။ မိုက်ကယ်ဂျက်ဆင် နဲ့အဖွဲ့သားတွေရဲ့ ဖိနပ်ဒေါက်မှာ သံချွန်ကိုကုပ်ထားနိုင်တဲ့ခွာမျိုးတွေ ပါရှိပါတယ်။
စတိတ်စင်ပေါ်မှာလည်း အချိန်ကိုက်ထွက်ရှိလာမယ့် သံချောင်းလေးတွေတပ်ဆင်ထားပါတယ်။
ဒီတော့ သူတို့ စောင်းရမယ့် ကကွက် ကရမယ့်အချိန်ရောက်တာနဲ့ ဒီသံလေးတွေကို ဖိနပ်ခွာထဲညှပ်ထားလိုက်တဲ့အတွက် လူက စောင်းချင်သလိုစောင်းလို့ရသွားတာပဲဖြစ်ပါတယ်။

လက်ချောင်းက မီးခိုးထွက်တဲ့ပြကွက်..

မျက်လှည့်ဆရာတစ်ချို့လက်ချောင်းတွေကိုပွတ်လိုက်တဲ့အခါမီးခိုးတွေထွက်လာတာကို မျက်လှည့်ပွဲတွေမှာမြင်ဖူးကြမှာပါ။
မှော်ဆန်လွန်းတယ်လို့ထင်ရပေမယ့် ဒါဟာ ရိုးရှင်းတဲ့လုပ်ဆောင်မှုတစ်ခုပါပဲ။
မီးခြစ်ဆံက ယမ်းတွေကိုခြစ်ယူပြီးတော့မီးကျွမ်းအောင်အပူပေးပြီးနောက်ရလာတဲ့ပြာကို လက်ထဲထည့်ပွတ်မယ်ဆိုရင် မီးခိုးငွေ့ထွက်လာတာတွေ့ရပါလိမ့်မယ်။လက်ဆေးဖို့တော့မမေ့ပါနဲ့ဦး။

Writer – Min Thu (XYZ News)

Ads