ဇမ်ဘီယာ အမျိုးသားဥယျာဉ်မှဆင်တစ်ကောင်ဟာ ဆာဖာရီတည်းခိုဆောင်မှ သရက်သီးအချို့ခိုးယူဖို့အတွက် နံရံပေါ်ကျော်တက်နေတဲ့ပုံစံကို ကင်မရာကရိုက်မိထားပါတယ်။

Bushcamp ကုမ္ပဏီက ဆင်အထီးကြီးတစ်ကောင်ဟာ တောင်ပိုင်း Lungwa အမျိုးသားဥယျာဉ်မှာ Mfuwe အဆောင်အပြင်ဘက် ၅ ပေအမြင့်ရှိနံရံပေါ်တက်နေတာကိုပြသတဲ့ဗီဒီယိုကို Youtube မှာတင်ခဲ့တာဖြစ်ပါတယ်။

ဆင်ဟာ နံရံပေါ်ပြန်မတက်မီမှာ တည်းခိုဆောင်မှ သရက်သီးအချို့ကိုခိုးယူခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။ တည်းခိုဆောင်မန်နေဂျာ Ian Salisbury က ၄င်းဆင်ရဲ့အခုလိုအပြုအမူကြောင့် တည်းခိုနေတဲ့ဧည့်သည်တွေ နှစ်သက်သဘောကျနေကြတယ်လို့ ဆိုပါတယ်။

‘သူက အနီးဆုံးလမ်းကြောင်းကိုရွေးပြီး အိမ်ကိုတန်းတန်းမတ်မတ်ပြန်ခဲ့တယ်။ ဧည့်သည်တွေက နံရံကိုကျော်တက်တဲ့ဆင်ရဲ့စိတ်ကူးကို အလွန်သဘောကျခဲ့ကြတာဖြစ်တယ်လို့ Times Now သတင်းကိုပြောကြားခဲ့ပါတယ်။

Writer_Aung Moe ( XYZ NEWS )

Ads