၁။ ထမင်းနှင့် အီတလီခေါက်ဆွဲ

ထမင်းနှင့် အီတလီခေါက်ဆွဲကတော့ အချိန်ကြာလာသည်နှင့်အမျှ ရေစုပ်ယူပြီး တဖြည်းဖြည်းကြီးလာတတ်ပါတယ်။ ရေထဲမှာ ပြန်ပျော်ဝင်ဖို့လည်း အချိန်အကြာကြီးယူရသဖြင့် ရေဆင်းပေါက်ကို အလွယ်တကူပိတ်စေပါတယ်။

၂။ ကြက်ဥခွံများ

လူအများစုက ကြက်ဥခွံများကို အပိုင်းပိုင်းချိုးပြီး ပစ်ပါက ရေဆင်းပေါက်မပိတ်စေလောက်ဘူးဟု ထင်ကြသော်လည်း အမှန်က သင်ထင်နေသလိုမဟုတ်ပါ။ အမှန်တကယ်တော့ အဲ့အပိုင်းလေးတွေက စုမိပြီး ကြာမြင့်လာသောအခါ ရေဆင်းပေါက်ကို ပိတ်လာစေပါတယ်။

၃။ ဂျုံမှုန့်

သင့်အိမ်က ရေဆင်းပေါက်ထဲမှာ ဂျုံနှင့်ရေ ရောပြီး ကော်ပုံသဏ္ဍာန်စုဝေးနေပြီလို့ တွေးကြည့်လိုက်ပါ။ သေချာပါတယ်။ ဒီဂျုံမှုန့်တွေက မကြာခင် ရေဆင်းပေါက်မှာ ပြဿနာအကြီးအကျယ် ဖြစ်စေတော့မှာပါ။

၄။ ဆေးဝါးများ

လူအများက ဆေးဝါးများက ရေထဲမှာ အလွယ်တကူပျော်ဝင်နိုင်တယ်အထင်နှင့် ရေဆင်းပေါက်ထဲကို ပြီးစလွယ်ပစ်လေ့ရှိပါတယ်။ အမှန်ကတော့ ဆေးတွေက ရေထဲမှာ မပျော်ဝင်သွားဘဲ ရေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဘယ်ရေစစ်ကမှ အဆိပ်အတောက်များ ပျော်ဝင်နေသောရေကို မစစ်ထုတ်နိုင်ပါဘူး။

၅။ ဆံချည်မျှင်များ

ဆံချည်မျှင်များက ရေဆင်းပေါက်ပိတ်စေတဲ့ အဓိက တရားခံတွေပါ။ ဆံပင်တွေက ရေဆင်းပေါက်ထဲ ရောက်သွားတဲ့ အခါမှာ တစ်ခုနှင့်တစ်ခု စုမိပြီး ကွန်ယက်ကြီးတစ်ခုလို ဖြစ်လာစေပါတယ်။ ထို့ကြောင့် ရေမချိုးခင် ခေါင်းဖြီးတတ်သော အကျင့်နှင့် ဆံပင်မွှေးများကို အမှိုက်ပုံးထဲသို့ ထည့်တတ်သောအကျင့် လုပ်ထားသင့်ပါတယ်။

၆။ သစ်သီးနှင့် ခရားမှ စတစ်ကာများ

စတစ်ကာများက အလွန်သေးငယ်သော်လည်း အမှိုက်ပုံးထဲမဟုတ်ဘဲ ရေဆင်းပေါက်ထဲ ပစ်မိပါက ပြဿနာများ သယ်ဆောင်လာနိုင်ပါတယ်။ အကြောင်းကတော့ စတစ်ကာတွေပေါ်မှာ ကော်ရှိနေပြီး ၎င်းတို့ကိုလည်း ပြိုကွဲရန်ခက်ခဲသော ပစ္စည်းများနှင့် ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်ပါတယ်။

၇။ ဆောက်လုပ်ရေးပစ္စည်းများ

မည်သည့် ဆောက်လုပ်ရေးပစ္စည်းများမဆို ရေဆင်းပေါက်ထဲ ပစ်ခြင်းဟာ အလွန်ဆိုးရွားသော ပြဿနာများကို ဖြစ်စေပါတယ်။ အလွန်သေးငယ်သော အပိုင်းအစများနှင့် အကျိုးအပဲ့အမှုန်လေးများကပင် ရေဆင်းပေါက်တွင် ပြဿနာများကို ဖြစ်လာစေပါတယ်။

၈။ ကွန်ဒုံးများ

ကြားကြားချင်းကတော့ မဆီမဆိုင်တွေဟု ထင်မိလောက်ပါရဲ့။ ဒါပေမယ့် ၎င်းပစ္စည်းများကို ဘယ်သောအခါမှ မပျော်ဝင်သော သစ်စေးဖြူဖြင့် ပြုလုပ်ထားသည်ကို သတိရပါ။ ကျုံ့နိုင်ဆန့်နိုင်သည့်အပြင် လေ၊ ရေ (သို့) အခြားစွန့်ပစ်ပစ္စည်းများနှင့် ပိတ်မိကာ အလွန်ပြင်ရခက်သော ရေဆင်းပေါက်ပြဿနာကို ဖြစ်စေတတ်ပါတယ်။

၉။ စီးကရက္တို

စီးကရက်တိုကတော့ ဘယ်သောအခါမှ မပျော်ဝင်နိုင်သော ဓာတုပစ္စည်းများ (နီကိုတင်း)နှင့် ပေါင်းစပ်ဖွဲ့စည်းထားသဖြင့် ရေဆင်းရာ လမ်းကြောင်းကို အဆိပ်အတောက်ဖြစ်စေပါတယ်။

၁၀။ မိန်းကလေးသုံး ပစ္စည်း

ဒီပစ္စည်းများက အစိုဓာတ်စုပ်ယူဖို့ ဖန်တီးထားတာကို လူတိုင်းသိနေပါတယ်။ ထို့ကြောင့်ပင် အရွယ်အစားကြီးလာပြီး ရေဆင်းပေါက်ကို ဆိုးဆိုးရွားရွားပြဿနာဖြစ်စေပါတယ်။

Writer – Min Thu (XYZ News )

Ads