တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ္ဘာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ WHO မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

 


အဆိုပါ ဗိုင်းရပ်စ်ကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစားနှင့်ဆင်တူသည်ဟုလည်း ဆိုသည်။ မူလက တိရိစ္ဆန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှလူအချင်းချင်းကူးစက်သည့်သက်သေများကို တွေ့ရှိထားပြီးဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။


ဒေါက်တာ Maria Van Kerkhove

အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်။ ဗိုင်းရပ်စ်ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှု့ဖြင့်သေဆုံးသွားခဲ့သည်။

တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးဖြစ်ပွားမှု့အဖြစ် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်ထားသည့် အမျိုးသမီး ၁ ဦးကိုတွေ့ရှိခဲ့ရာ နိုင်ငံဖြတ်ကျော်ကူးစက်နိုင်မှုကို စိုးရိမ်လာကြ
ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးမှာ အသက် ၆၁ နှစ် ရှိ တရုတ်နိုင်ငံသူဖြစ်ပြီး ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်စဉ် ဗိုင်းရပ်စ်ရှိနေသည်ကို လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါအမျိုးသမီး၏ ကျန်းမာရေးအခြေအနေပြန်ကောင်းလာပြီဟုလည်း သိရသည်။

တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်

WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံးမှ ဆေးရုံများသို့ လမ်းညွှန်မှု့များပေးထားပြီးဖြစ်သည်ဟု ဆိုသည်။ အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ့နှံ့မှု့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ့နှံ့လာနိုင်သည့်အတွက် ကိုယ်တိုင်ပြင်ဆင်ထားကြရန်လည်း ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။ ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူး
စက်လာစေရန် ရန်ကုန်နှင့်မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည် များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source: Daily Mail

Ads