အသက် (၂၃)နှစ်ပဲရှိသေးတဲ့ ဗြိတိန် မော်ဒယ်မလေး ဒမ်မီရိုစ်စ် ကတော့ အရမ်းကို လှပတဲ့ ကောက်ကြောင်း လှလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

ဆက်စီ ကျတဲ့ ပုံတွေကို မကြာခဏ တင်လေ့ရှိတဲ့ သူမရဲ့ IG မှာဆိုရင် (7.1m followers) ရှိုပြီး နာမည်ကြီး IG Star တစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်းခတ်ဟောစ့်ဟောစ့်ပုံတွေတင်တဲ့သူမကတော့ ဒီတစ်ခါမှာ ဆက်စီ ကျကျ ခွေးကျောင်းနေတဲ့ ပုံလေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ခွေးနဲ့ အတူလမ်းလျှောက် ထွက်လာပေမယ့် သာမန်ပုံစံမျိုးလမ်းလျှောက်ထွက်လာတာမဟုတ်ဘဲ မိန်းမဆန်ဆန် ဆက်စီကျကျ ဝတ်စား ပြီး ထွ က်ပေါ် လာခဲ့တာပါ။ အဖြူနဲ့ အနက်ရောထားတဲ့ ဝတ်စုံဖြစ်ပြီးအပေါ် ဝတ်စုံနဲ့ လိုက်ဖက်တဲ့ အနက်ရောင် ဒေါက် ဖိနပ် ကို စီးပြီး သူမရဲ့ အချစ်တော် ခွေးလေး Teddy နဲ့ လန်ဒန်မြို့ထဲမှာရှိတဲ့ Seattle Gold လက်ဝတ်ရတနာဆိုင်ကို အတူလမ်းလျှောက် ထွက်တာပါ။

ဆိုင်မှာတော့ Demi တစ်ယောက် ရွှေနဲ့ စိန်ရောထားတဲ့ လည်ဆွဲကို စမ်းဝတ်ကြည့်ခဲ့ပါတယ်။ သူမရဲ့ လည် ဆွဲ အပေါ် မှာတော့ သူမရဲ့ နာမည်ကို ရေးထိုး ထားပါတယ်။ဆိုင်အကူတစ်ယောက်က သူမရဲ့ လည်ပင်းကို ဝတ်ပေး ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆိုင်ထဲကစိတ် ကျေနပ် သွားတဲ့ မျက်နှာ အမူအရာနဲ့ ခွေးလေး Teddy ကို ချီပြီး ထွက်လာ တာကိုတွေ့ရပါတယ်။

ဒီလိုပုံကို သူရဲ့ IG အကောင့်မှာတင်ခဲ့တဲ့အတွက် ဝေဖန်မူ့တွေများသွားခဲ့ပါတယ်။ တချို့ကတော့ ဒီလောက် အရမ်း ဆက်ဆီကျတာမဝတ်သင့်ဘူး။ ဒီလိုမလုပ်သင့်ဘူး စသည်ဖြစ်ပေါ့. ဒမ်မီရိုစ်စ်ကတော့ ဒါတွေကို ဂရုမဆိုက်တဲ့အပြင် ဘာမှပြန်မပြောပါဘူး။

 

ခွေးနဲ့ ပုံကြောင့် ဝေဖန်ခံနေရတဲ့ ဒမ်မီရိုစ်စ်






သူမဟာ Kylie Jenner နဲ့ တွဲခဲ့ဖူးတဲ့ အမေရိကန် Hip Hop အဆိုတော် Tyga ရဲ့ Ex ပါ။ Demi Rose တစ်ယောက် ဒီတစ်ပတ် အစောပိုင်းတုန်းက Ibiza မြို့မှာ swimwear shoot အတွက် အဖြူရောင် Thong ကို ၀တ်ပြီး ဓါတ်ပုံ ရိုက်ခဲ့ပါသေးတယ်။

Writer : Min Thu (XYZ News)

Ref : Mirror

Ads