အီရန်ဟာ တစ်ကမ္ဘာလုံးကို လိမ်ညာနေတယ်လို့ စွပ်စွဲရင်း အစ္စရေးနိုင်ငံက ပြစ်တင်ကျိမ်းမောင်းလိုက်ပါတယ်။

လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့တဲ့ ယူကရိန်းလေယာဉ်ကို မတော်တဆ ပစ်ချမိတာဖြစ်ကြောင်း အီရန်နိုင်ငံက စနေနေ့မှာ ဝန်ခံပြောလာတာကို ရည်ညွန်းပြောဆိုတာပါ။

မှားယွင်းပစ်ချမိတာဟာ လူ့အမှားကြောင့် ဖြစ်ပြီး ရန်လိုတဲ့ ပစ်မှတ်အမှတ်နဲ့ စစ်တပ်ဟာ ယူကရိန်းလေယာဉ် Flight 752 ကို မှားယွင်းပစ်ချမိတာလို့ အီရန်က ဆိုပါတယ်။

အီရတ်က အမေရိကန်စစ်စခန်းတွေဆီ အီရန်က ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ပြီး နာရီပိုင်းမှာ တီဟီရန်မြိုပြင်လေဆိပ်ကနေ ယူကရိန်းလေယာဉ်ဟာ ပျံတက်ချင်း ခဏမှာပဲ ပစ်ချခံရတာ ဖြစ်ပါတယ်။

အစောပိုင်းက အီရန်ဟာ အဲဒီ လေယာဉ် ပစ်ချခံရတာမဟုတ်ဘူးလို့ ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ယူကရိန်းလေယာဉ်ကို ပစ်ချတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အီရန်ဟာ နိုင်ငံတကာကို ပတ်လိမ်နေတာပဲလို့ ပြောလာပါတယ်။

“သူတို့ ပစ်ချမိတာကို အစကတည်းက သူတို့ သိတယ်။ မရည်ရွယ်ပဲ ပစ်ချမိတာကို အစကတည်းက သူတို့ သိတယ်။ ဒါပေမယ့် နိုင်ငံတကာကိုတော့ သူတို့ လိမ်ညာခဲ့တယ်။”လို့ ကက်ဘိနက်အစည်းအဝေးအစမှာ ပြောခဲ့တဲ့စကားကို နေတန်ယာဟုက တွစ်တာကနေ ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

Rf; Daily Post
မောင်သံဆင့်(XYZ News)

Ads