အလွန်လှပတဲ့ အပြုံးဆိုတာ သွားလေးတွေအပေါ်လည်း အလွန်မူတည်ပါတယ်။
ကံမကောင်းစွာပဲ ဆေးလိပ်သောက်တာမျိုး ၊ ကဖင်းဓါတ်အများအပြား သောက်သုံးတာမျိုး နဲ့သွားစစ်ဆေးမှု ပုံမှန်မလုပ်တဲ့အခါမျိုးမှာ သွားလေးတွေ ထိခိုက်လာတတ်ပါတယ်။
နေ့စဉ်ကျွန်တော်တို့ပြုလုပ်နေတဲ့အကျင့်ဆိုးတွေကြောင့် သွားတွေဝါပြီး ညစ်ထေးလာလေ့ရှိပါတယ်။
ဒီပြဿနာကိုဘယ်လိုရှင်းရမလဲဆိုတာကို အခုပဲပြောပြသွားတော့မှာပါ။

၁- ဘေကင်ပေါင်ဒါ

ဘေကင်ပေါင်ဒါဟာ နေရာတော်တော်များများမှာအသုံးဝင်တဲ့အရာတစ်ခုဆိုလည်းမမှားပါဘူး။
ဘေကင်ဆော်ဒါတစ်ဇွန်း ကို ဆားအနည်းငယ်နဲ့ရောပြီး သွားပွတ်တံမှာထည့်ပြီးတိုက်မယ်ဆိုရင် သွားလေးတွေဖြူဝင်းလာမှာပါ။

၂- ရှားစောင်းလက်ပတ် နဲ့ ဂလေစရင်း အလှဆီ

သင်လိုအပ်မှာကတော့..
– ရေတစ်ခွက်
– ဘေကင်ပေါင်ဒါ ခွက်တစ်ဝက်
– ရှားစောင်းလက်ပတ်အနှစ် ၁ ဇွန်း
– ဂလေစရင်း အလှဆီ ၄ ဇွန်း
– သံပရာဆီတစ်ဇွန်း
ဒါတွေအားလုံးကိုရောမွှေပြီးသွားတိုက်ဆေးအဖြစ်သုံးမယ်ဆိုရင် ဖြူဝင်းတောက်ပပြီး ကျန်းမာတဲ့သွားလေးတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

၃- လိမ္မော်ခွံ

လိမ္မော်ခွံနဲ့သွားတွေကိုတိုက်ပေးမယ်ဆိုရင်တော့ သန့်ရှင်းပြီးဖြူစင်တဲ့သွားလေးတွေ ရလာပါလိမ့်မယ်။
ထို့အပြင် လိမ္မော်ခွံဟာ ပါးစပ်ထဲက ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်ပါသေးတယ်။
လိမ္မော်ခွံနဲ့သွားတိုက်ပြီးရင်တော့ ရေနဲ့ပလုတ်ကျင်းပေးပါ။

၄- နှမ်း

နှမ်းတစ်ဆုပ်လောက်ကို မိနစ်အနည်းငယ်လောက်ဝါးပြီးထွေးလိုက်မယ်ဆိုရင်လည်း သင့်သွားတွေ ဖြူဝင်းလာစေနိုင်ပါတယ်။
ပြီးရင်တော့ သွားကြိုသွားကြားထဲက နှမ်းစေ့တွေကို ဖယ်ရှားဖို့အတွက် သွားပွတ်တံအခြောက်နဲ့ သွားတိုက်သင့်ပါတယ်။

၅- ဗိုက်တာမင် သွားတိုက်ဆေး

ဗီတာမင်စီပါတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်းသွားတိုက်ဆေးအဖြစ်သုံးလို့ရပါတယ်။
ခရမ်းချဉ်သီး ၊ လိမ္မော်သီး ၊ စတော်ဘယ်ရီတို့ကိုထောင်းပြီး ၅ မိနစ်လောက်သွားကိုပွတ်တိုက်ပေးပါ။
ဒါဆိုရင် ပါးစပ်ထဲက ဘတ်တီးရီးယားတွေသေစေတဲ့အပြင် ခံတွင်းနံ့ကိုလည်း သင်းပျံ့စေပါလိမ့်မယ်။

၆- ရှာလကာရည်

တော်တော်ချဉ်မယ့် သွားတိုက်ဆေးရည်တစ်ခုဖြစ်တယ်ဆိုပေမယ့် သွားသန့်ရှင်းစေဖို့အတွက် အကောင်းဆုံးတစ်ခုဆိုရင်လည်းမမှားပါဘူး။
သင်လိုအပ်မှာကတော့
– ရှာလကာရည် ၂ ဇွန်း
– ဆားတစ်ဇွန်း
– ရေ ၄ အောင်စ
ဒါတွေကိုရောပြီးတော့ သွားတိုက်ဆေးရည်တစ်ခုအဖြစ်ဖန်တီးလိုက်ရင်ရပါပြီ။
သွားတိုက်ပြီးတဲ့အခါ ပလုတ်သေချာကျင်းဖို့မမေ့ပါနဲ့…။

Writer – Min Thu ( XYZ NEWS )

Ads