ရုရှနိုင်ငံရဲ့ သမုဒ္ဒရာ ဘက်စုံသုံး လက်နက်စနစ် ပိုဆိုက်ဒွန် Poseidon မှာဆိုရင် မောင်းသူမဲ့ ရေအောက်သွားယာဉ် UUV ပါရှိပြီး ဒီယာဉ်ဟာ ဘယ်လိုရန်သူ့ကာကွယ်ရေးစနစ်မျိုးကိုမဆို ကိုယ်တိုင်ရှောင်ကွင်းသွားလာနိုင်တယ်လို့ ရုရှစစ််သတင်းရင်းမြစ်က TASS သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။

“ပစ်မှတ်ဆီ သွားရာလမ်းကြောင်းမှာ လက်နက်စနစ်ရဲ့ အလိုအလျောက် လည်ပတ်စနစ်ကြောင့် ဘယ်လို ရေငုပ်သင်္ဘော အတားအဆီးမျိုး၊ အခြားသော ရန်သူကာကွယ်ရေးစနစ်မျိုးကိုမဆို ပိုက်ဆိုက်ဒွန်ဟာ ရှောင်ကွင်းကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။”လို့ ယင်းသတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီ ပိုဆိုက်ဒွန်က UUV ယာဉ်ဟာ ရေအောက် တစ်ကီလိုမီတာကျော် အနက်ထိမှာ လည်ပတ်နိုင်ပြီး နည်းပညာသစ်အရ တစ်နာရီ ကီလိုမီတာ ၂၀၀ အလျင်နှုန်းနဲ့ သွားလာနိုင်ပါတယ်။ “ယာဉ်ပါ ထောက်လှမ်းရေးစနစ်နဲ့ သွင်ပြင်ဝိသေသတွေဟာ လုံခြုံရေး စိတ်ချရပြီး ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ အာမခံ ကျိန်းသေစေပါတယ်။”လို့ စစ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဘက်ပေါင်းစုံသုံး ပိုဆိုက်ဒွန် စနစ်မှာ အထူးသုံး နျူကလီးယားရေငုပ်သင်္ဘော၊ မောင်းသူမဲ့ရေအောက်သွားယာဉ်နဲ့ ဖျက်အားပြင်း တော်ပီဒိုဒုံးတွေ ပါ၀င်နေပါတယ်။ “ဒီစနစ်က UUV ယာဉ်ဟာ မဟာဗျူဟာလုပ်ငန်းတွက် သက်သက် မဟုတ်ဘဲ ဖျက်ဆီးရေးအတွက် ဖြစ်ပါတယ်။ ဥပမာ ရန်သူ့ လေယာဉ်တင်သင်္ဘောအုပ်စုကို ဖျက််ဆီးပစ်ဖို့ပါ။”လို့ အဆိုပါ စစ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီသတင်းရင်းမြစ်ရဲ့ တရားဝင် ပြောဆိုသတင်းပေးချက်တွေကို TASS အနေနဲ့တော့ အတည်ပြုနိုင်သေးခြင်း မရှိပါ။ ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ မဟာဗျူဟာ မောင်းသူမဲ့ရေအောက်သွားယဉ် ပိုဆိုက်ဒွန်ကို စမ်းသပ်တဲ့ အဓိကအဆင့် ပြီးစီးပြီလို့ စနေနေ့က ကြေညာထားပါတယ်။

ပိုဆိုက်ဒွန်လက်နက်စနစ်ကို ရုရှရဲ့ ကုဒ်အမည်က Status-6 ဖြစ်ပြီး နေတိုးကတော့ ကုဒ်အမည်ပေးထားတာက Kanyon လို့ ဖြစ်ပါတယ်။ ရုရှမှာ အများသဘောနဲ့့ မဲပေးပြီးနောက်မှာ ဂရိနတ်ဘုရားတွေထဲက ပင်လယ်သမုဒ္ဒရာကို အစိုးရတဲ့ ပိုဆိုက်ဒွန်နတ်ဘုရားရဲ့ အမည်ကိုယူပြီး ရုရှကာကွယ်ရေး ၀န်ကြီးဌာနက ပိုဆိုက်ဒွန်လို့ တရားဝင် နာမည်ပေးထားတာ ဖြစ်ပါတယ်။

ပိုဆိုက်ဒွန်လက်နက်စနစ်မှာဆိုရင် နျူကလီးယားစွမ်းအင်သုံး UUV ယာဉ်ပါရှိပြီး ဒီယာဉ််ဟာ သမရိုးကျဒုံးထိပ်ဖူးတွေနဲ့ နျူကလီးယားဒုံးထိပ်ဖူးတွေကို တင်ဆောင်ပေးပို့နိုင်စွမ်းပါတယ်။ ရန်သူရေတပ် ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန််းမြို့တွေကို တိုက်ခိုက်နိုင်မယ့် မီဂါတန် ၁၀၀ ရှိတဲ့ thermonuclear cobalt ဗုံးကို စေလွှတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ က အမေရိကန် နျူကလီးယားရပ်တည်ချက်သုံးသပ်အစီရင်ခံစာမှာ ရုရှနိုင်ငံဟာ တိုက်ချင်းပစ်နိုင်သော၊ နျူကလီးယားလက်နက်ဖြစ်သော၊ နျူကလီးယားစွမ်းအင်သုံး ပင်လယ်ရေအောက် ကိုယ်ပိုင်သွားလာစွမ်းနဲ့ တော်ပီဒိုကို တည်ဆောက်ထုတ်််လုပ်လျက်ရှိတယ််လို့ ဖော်ပြထားပါတယ်။

ဒီ ပိုဆိုက်ဒွန််လက်နက်စနစ်ကို ရေဒီယိုသတ္တိကြွအိုက်ဆိုတုပ်တွေနဲ့အတူ ရန်သူကမ်းရိုးတန်း တစ်နံတစ််လျားကို ညစ်ညမ်းမှုဖြစ်အောင် တိုက်စားပစ်မယ့် အမြင့် ပေ ၁၆၀၀ ရှိ ဆူနာမီလှိုင််းကြီးတွေ ဖြစ်ပေါ်စေအောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် ပဲ့ထိန်းဒုံးကျည််၊ လေဆာလက်နက်နဲ့ railguns တို့လို ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ခံနိုင်စွမ်းပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွေနဲ့ ရေငုပ်သင်္ဘောပစ််ပဲ့ထိန်းဒုံးကျည်တွေကို ရှောင်ကွင်းကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလက်နက်က ဖြစ်ပေါ်စေမယ့် ဆူနာမီလှိုင်းအမြင့်ကတော့ ချဲ့ကားလွန်းရာကျပြီး ပေ ၃၃၀ ဆူနာမီလှိုင်းအမြင့်သာ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိတယ်လို့ ရူပဗေဒပညာရှင်တွေက ပြောထားပါတယ်။

Rf; TASS/Wikipedia
Writer_ မောင်သံဆင့် ( XYZ NEWS )

Ads