တရုတ်နိုင်ငံဟာ အခုနောက်ပိုင်းမှာ နည်းပညာအလွန်တိုးတက်လာတဲ့ နိုင်ငံတစ်နိုင်ငံပါ ။ အခုဆိုရင်လည်းတရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသားတွေဟာ Net Guard လို့ခေါ်တဲ့ ဒရုန်းကို ဒီဇိုင်းထုတ်လုပ်လိုက်ပြီးဖြစ်ပါတယ်။

ဒီ Net Guard ဒရုန်းမှာ ဆိုရင် တည်နေရာကိုအတိအကျသိနိုင်မယ့် GPS စနစ်ပါဝင်ပြီး မီးဘေးအရေးပေါ်ဖုန်းဝင်လာတာနဲ့ မီးလောင်နေတဲ့အဆောက်အဦးဆီ ချက်ချင်းအပြေးသွားနိုင်မှာပဲဖြစ်ပါတယ်။

ဒရုန်းမှာတပ်ဆင်ထားတဲ့ပိုက်ကွန်ကိုတော့ Polyurethane အလွှာလေးထပ်နဲ့ပြုလုပ်ထားပြီးလူကြီးတစ်ယောက်ကိုသယ်နိုင်အောင်ဖန်တီးထားပါတယ်။ထို့အပြင် လှုပ်ရှားမှုအာရုံခံနစ်တွေလည်းတပ်ဆင်ထားတဲ့အတွက် အကူအညီတောင်းနေလူရှိတဲ့နေရာကိုသိနိုင်မှာဖြစ်သလို တိုက်ပေါ်က ပြုတ်ကျလာတဲ့သူတွေကိုလည်း လေထဲမှာ ဖမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီဒရုန်းကိုဖန်တီးခဲ့တာကတော့ Guangdong Polytechnic တက္ကသိုလ် နဲ့ Schools of Electronic Engineering and Art တက္ကသိုလ်မှကျောင်းသားခြောက်ယောက်ဖြစ်ပြီးGolden Pin Concept Design Award ဆုပေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ အခုထိတော့ သူတို့ရဲ့ဖန်တီးမှုဟာ ပြီးပြည့်စုံခြင်းမရှိသေးပေမယ့် လူမဲ့ ကယ်တင်ရေး ယာဉ်ပျံတွေကိုဖန်တီးဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ သူတို့ကပြောပြခဲ့ပပါတယ်။

Writer – Min Thu ( XYZ NEWS )

Ads