တချိန်က နာမည်ကြီး လူကြိုက်များခဲ့တဲ့ အမျိုးသမီး သရုပ်ဆောင်တဦးဖြစ်သူ မာရီလင်မွန်ရိုးရဲ့ ပုံအတိုင်း ဆက်ဆံဖော်ရုပ် ပြုလုပ်ပေးဖို့ ဝယ်ယူသုံးစွဲသူအများစုက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ပထမဦးဆုံးသော လိင်ဆက်ဆံဖော်အရုပ်တွေကို တီထွင်တဲ့ ထရူးကွန်မ်ပီနီယမ်ကုမ္ပဏီကို အခုလို တောင်းဆိုခဲ့ကြတာဖြစ်ပြီး ကုမ္ပဏီအနေနဲ့တော့ ဒီလို နာမည်ကြီးသရုပ်ဆောင်တဦးရဲ့ ပုံစံတူ လိင်ဆက်ဆံဖော်ရုပ်ကို ကူးယူထုတ်လုပ်လို့ မရကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။

ဘယ်လိုပဲစိုးရိမ်နေနေ လိင်ဆက်ဆံဖော်အရုပ်တွေ သုံးစွဲမှုက မြင့်တက်နေပြီး တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ခုဆိုရင် ဆက်ဆံဖော် အရုပ်တွေကို နွေးထွေးတဲ့ ဆီလီကွန်အရေပြားနဲ့ လူသားအသွင်အပြင် ကိုယ်ရည်ကိုယ်သွေးတွေပါတဲ့ ကွန်ပျူတာ ပရိုဂရမ်တွေနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဆက်ဆံဖော်အရုပ်တွေရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုထဲမှာ တချို့ ဇနီးမယားသေဆုံးတဲ့ ယောကျ်ားတွေက သူတို့ရဲ့ဆုံးရှုံးမှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအဖြစ် သေသွားတဲ့ သူတို့ရဲ့ ဇနီးမယားနဲ့တူတဲ့ လိင်ဆက်ဆံဖော် အရုပ်တွေကို ထုတ်လုပ်ပေးဖို့ တောင်းဆိုလို့ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အတိုင်း ပြောင်းလဲထုတ်လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်းဆိုထုတ်လုပ်ခိုင်းမှုတွေက ရပ်တန့်မသွားဘဲ ဆက်လက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

သုံးစွဲသူအများစုရဲ့ နာမည်ကြီး မွန်ရိုးပုံတူ လိင်ဆက်ဆံဖော်ရုပ် ထုတ်လုပ်ဖို့ တောင်းဆိုမှုအကြောင်း ထရူးကွန်မ်ပီနီယမ်ကုမ္ပဏီက အရုပ်တွေကိုဖန်တီးတဲ့ ဒေါက်ဂလက်စ်ဟင်းန်စ်က သည်ဆန်းသတင်းကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီက လက်ခံရရှိတဲ့ အမှာစာတဝက်လောက်က နာမည်ကြီးတွေနဲ့တူတဲ့ လိင်ဆက်ဆံဖော်ရုပ်တွေ ထုပ်လုပ်ပေးဖို့ဖြစ်ပြီး မာရီလင်မွန်ရိုးပုံတူ အမှာစာကတော့ အများဆုံးပဲလို့ ဒေါက်ဂလက်စ်က ပြောပါတယ်။

ဒါပေမယ့် နာမည်ကြီးတွေနဲ့တူတဲ့ လိင်ဆက်ဆံဖော်ရုပ်တွေ ထုတ်လုပ်ဖို့က ခက်ခဲတဲ့ စိန်ခေါ်မှုလို့ ဆိုပါတယ်။

ခွင့်ပြုချက်မရဘဲ ဘယ်တဦးတယောက်ရဲ့ ပုံတူကိုမှ ထုတ်လုပ်ခွင့်မရှိလို့ တောင်းဆိုတဲ့ အမှာစာတွေကို ထရူးကွန်မ်ပီနီယမ်ကုမ္ပဏီက ငြင်းဆန်ခဲ့ရပါတယ်။

“မာရီလင်မွန်ရိုးပုံတူ အမှာစာကတော့ မကြာခနလာတယ်၊ ကျနော်တို့က အဲ့ဒီလူ ဒါမှမဟုတ် သူ့မိသားစုဝင် တဦးဦးရဲ့ ခွင်ပြုချက်ရမှ ထုတ်လို့ရမယ်။ အကယ်၍ ခင်ဗျားက မာရီလင်မွန်ရိုးပုံ လိင်ဆက်ဆံဖော်အရုပ် လိုချင်တယ်ဆိုရင် ခင်ဗျားမှာ သူ့အမွေခံရဲ့ ခွင့်ပြုချက် ရှိရမယ်” လို့ ထုတ်လုပ်သူ အင်ဂျင်နီယာ ဒေါက်ဂ်လက်စ်က ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ နာမည်ကျော်သရုပ်ဆောင်အတိုင်း ထုတ်လုပ်လို့မရပေမယ့် သူနဲ့ဆင်တဲ့ အရုပ်မျိုးပဲ ထုတ်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

“မာရီလင်မွန်ရိုးအတိုင်းတော့ ထုတ်လုပ်လို့မရဘူး။ ဒါပေမယ့် အရမ်းလှပြီး ရွှေရောင်ဆံပင်နဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း အရမ်းလိုလိုလားလားရှိတဲ့ ပုံစံမျိုး အရုပ်ပဲ ထုတ်လို့ရနိုင်မယ်။ သူမအမွေခံဆီက ခွင့်ပြုချက်မရခဲ့ရင်ပေါ့” လို့ ဒေါက်ဂ်လက်စ်က ဆက်ပြောပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)