တရုတ်နိုင်ငံမှာ ကြီးမားတဲ့ မြေကျွံကျမှုကြီးအတွင်း ဘတ်စ်ကားတစ်စီးနဲ့ လမ်းသွားလမ်းလာတွေ ကျွံနစ်သွားခဲ့ရာက လူခြောက်ဦးသေဆုံးပြီး ဆယ်ဦး ပျောက်ဆုံးနေကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။

လူတွေ ကားမှတ်တိုင်မှာ ကားစောင့်နေချိန် ကားလမ်းမှာ မြေကျွံမှုကြီးဖြစ်ပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာတာကြောင့် ာက်လန့်တကြား ထွက်ပြေးကြပါတယ်။ ကားလမ်းမပေါ် ဖြစ်ပေါ်လာတဲ့ အဲဒီ မြေတွင်းပေါက်ကြီးထဲ ကားတစ်စီး ထိုးကျနစ်ဆင်းတော့တာ ဖြစ်ပါတယ်။

အဲဒီ မြေတွင်းပေါက်ကြီးဟာ ကျယ်ပြန့်လာပြီး မြေကျွံမှုဖြစ်တာကြောင့် လူအချို့ တွင်းပေါက်ထဲ ကျွံဆင်းပုံလည်းရကာ ကလေးငယ်တစ်ဦးပါ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

ဆေးရုံတစ်ရုံရဲ့ အပြင်နားမှာ ဖြစ်တဲ့ အဲဒီ မြေကျွံမှုအပြီး တွင်းပေါက်ကြီးထဲ ပေါက်ကွဲသံကို ကြားရကြောင်း ရိုက်ကူးရမိတဲ့ ဗီဒီယိုတွေအရ မြင်သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ချင်းဟိုင်ပြည်နယ် ရှင်နင်းမြို့မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ငါးနာရီခွဲလောက်မှာ ဖြစ်ပွားတာဖြစ်ပြီး လူ ၁၆ ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့ CCTV သတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ခုလို မြေကျွံမှုတွေက သိပ်မစိမ်းဘဲ တစ်ခါတစ်ခါမှာ မြေကျွံမှုတွေ ဖြစ်ရတာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာတွေကြောင့်လို့ အပြစ်ဆိုမှုတွေ ရှိနေပါတယ်။

Rf; PressTV
မောင်သံဆင့်(XYZ News)