၁။သဘာဝဆေးပင်

 

သဘာဝဆေးပင်တွေနဲ့ခြင်မလာအောင်လုပ်လို့ရတယ်သင့်ခြံကိုလည်းအသုံးဝင်တဲ့ဆေးပင်တွေနဲ့အလှဆင်ထားသလိုလည်းဖြစ်တယ်ဒီနည်းလမ်းနဲ့သင်အပါအဝင်အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်းခြင်အန္တရာယ်မှကာကွယ်ပေးပါတယ်ပင်စိမ်းပင်၊မြင်းခွာပင်၊ကြက်သွန်ဖြူ၊လာဗင်ဒါ၊rosemary၊ marigold လို့ခေါ်တဲ့လိမ္မော်ရောင်ထပ်တစ်ရာပန်း၎င်းတို့ကိုစိုက်ပျိုးလို့ရတယ်။

၂။လာဗင်ဒါspray နဲ့ခန္ဓာကိုယ်လိမ်းအဆီ

 

ခြင်တွေကလာဗင်ဒါကိုမနှစ်သက်ကြဘူးလာဗင်ဒါအဆီကိုလိမ်းလို့ရသလို။essential oil နဲ့body spray လုပ်ပြီးသုံးလို့ရပါတယ်ဒီနည်းကခန္ဓာကိုယ်အတွက်လည်းကောင်းပြီးchemicals မပါတဲ့spray တွေcreams တွေမသုံးဖြစ်တဲ့အတွက်အလက်ဂျစ်ထတာတွေ၊ယားယံတာတွေမဖြစ်စေဘူးလာဗင်ဒါရနံ့ကြိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်။

၃။citronella ဖယောင်းတိုင်

Citronella ဆိုတာသဘာဝကရတဲ့လူကြိုက်များတဲ့အင်းဆက်မောင်းထုတ်ဆေးပါဘေးထွက်ဆေးကျိုးလည်းမရှိဘူးသင့်အိမ်ကိုလည်းရနံ့မွှေးစေပြီးအင်းဆက်တွေမလာစေဘူးhandmade ပစ္စည်းတွေလုပ်ရတာကြိုက်တယ်ဆိုရင်ဆီကိုသုံးပြီးcitronella ဖယောင်းတိုင်ကိုကိုယ်တိုင်လုပ်ကြည့်လို့ရတယ်

၄။ပန်းသီးရှာလကာရည်

အိမ်မှာပန်းသီးရှာလကာရည်ကိုဆောင်ထားမယ်ဆိုရင်ရုတ်တရက်ခြင်တွေလာတဲ့အခါရှာလကာရည်နဲ့ခြင်နိုင်ဆေးကိုယ်တိုင်လုပ်လို့ရတယ်ပိုထိရောက်စေဖို့citronella oil ကိုလည်းထည့်လို့ရတယ်

၅။ဆပ်ပြာအမြုပ်ထတဲ့အရည်

ခြံထဲမှာမိသားစုနဲညစာစားဖို့(သို့) အပြင်မှာစာဖတ်ဖို့ဆိုရင်အနားမှာဆပ်ပြာရည်ကိုအမြုပ်များများထွက်အောင်ဖျော်ပြီးပန်းကန်ထဲထည့်ယူထားပါ

၆။ကြက်သွန်ဖြူ

ကြက်သွန်ဖြူစားခြင်းကခြင်တွေမလာအောင်လုပ်နိုင်ပါတယ်ဒီနည်းလမ်းကကြက်သွန်ဖြူကြိုက်တဲ့လူတွေအတွက်တော့သတင်းကောင်းပါ။ကြက်သွန်ဖြူကိုမကြိုက်ဘူးဆိုရင်တော့ပမာဏအများကြီးစားဖို့မလိုပါဘူးကြက်သွန်ဖြူကိုပြုတ်ပြီးအရည်ကိုခြင်လာတဲ့နေရာမှာဖြန်းပါ။

Writer – Min Thu (Daily Hot News)

Ads