မိုရိုကိုမှ အမျိုးသမီးတစ်ဦးဟာ သူ့ကိုထားခဲ့တဲ့ချစ်သူကို သတ်ကာ အသားတွေလှီးဖြတ်ပြီး ဒန်ပေါက်ချက်ပြီးနောက် လုပ်ဖော်ကိုင်ဖက်တွေကိုဝေပေးခဲ့တာပဲဖြစ်ပါတယ်။ နယ်ခံတွေအပြောအရ ရဲတွေဟာ သူ့ရဲ့ဒန်ပေါက်ပန်းကန်ထဲမှာ သွားတစ်ချောင်းရှာတွေ့ခဲ့တဲ့အတွက် ဒီဒန်ပေါက်ကိုစတင်စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သွားရဲ့ ဒီအန်အေ ကိုစစ်ဆေးပြီးတဲ့အခါ ဒီသွားဟာ သူ့ချစ်သူဟောင်းရဲ့သွားဖြစ်နေကြောင်းသိရတဲ့အခါမှာတော့ ဒီအမျိုးသမီးကိုဖမ်းဆီးပြီးစစ်ဆေးခဲ့ကြတာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ခုနှစ်နှစ်လောက်တွဲလာခဲ့တဲ့ ချစ်သူတွေပါ ။ ဘာလိုမျိုးသတ်ဖြတ်ခဲ့သလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး ။ကောင်လေးဟာ အခြားကောင်မလေးတစ်ယောက်နဲ့အိမ်ထောင်ပြုတော့မယ်လို့ သူမကိုပြောပြီးတဲ့နာက်မှာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ရဲတွေသတင်းပို့ချက်မှာဖော်ပြထားတာတွေ့ရပါတယ်။

ကောင်လေးဟာ ၁၃ ရက်နေ့ပျောက်သွားတဲ့အတွက် ကောင်မလေးရဲ့အစ်ကိုဟာ ကောင်မလေးအိမ်ကိုရှာဖွေမေးမြန်းခဲ့ပေမယ့် သူမသိကြောင်းသာ ပြောခဲ့ပါတယ်။ ရဲတွေစစ်ဆေးနေတုန်း အစပိုင်းမှာတော့ ဒီအမျိုးသမီးဟာ အသားကုန်ငြင်းဆိုနေခဲ့ပေမယ့်နောက်ပိုင်းမှာတော့ သူဟာ စိတ်လွတ်သွားခဲ့ပြီး သတ်ခဲ့မိကြောင်းဝန်ခံခဲ့ပါတယ်။

သူ့ကိုထားခဲ့တဲ့အတွက် လက်စားချေချင်တာကြောင့်အခုလိုလုပ်ခဲ့တာလို့လည်းရဲတွေကိုပြောပါတယ်။ အမျိုးသမီးဟာ ကောင်လေးရဲ့ကိုယ်မှအသားတွေကို လှီးပြီးတော့ အသားကြိတ်စက်ထဲထည့်ကာ အမဲသားလိုမျိုးဖြစ်အောင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမ ကိုတရားရုံးတင်စစ်ဆေးနေပါပြီ ။

Writer – Min Thu ( XYZ NEWS )

Ads