လူတွေဟာ သေလုနီးပါးဖြစ်တဲ့အချိန်မှာ ကောင်းကင်ဘုံကိုမြင်ရတယ်လို့ပြောလေ့ရှိတယ်။ဒီအမျိုးသမီးကတော့ သူသေလုမြောပါးဖြစ်ပြီး သတိပြန်လည်လာတဲ့အခါမှာတော့ ငရဲသွားတဲ့လမ်းပေါ်ရောက်ခဲ့ကြောင်းပြောပါတယ် ။
အခုဆိုရင်သူဟာ သူသေဆုံးသွားတဲ့အချိန်ရောက်တဲ့အခါ အခုလိုကြုံတွေ့ရမှာကိုထိတ်လန့်နေပါတယ် ။

Audra ဆိုတဲ့နာမည်ဝှက်နဲ့အမျိုးသမီးဟာ ဦးနှောက်ရောင်ယမ်းပြီးတော့ သတိမေ့မြောသွားတဲ့အခိုက်အတန့်မှာငရဲကိုသွားတဲ့တွင်းတစ်တွင်းထဲပြုတ်ကျသလိုခံစားခဲ့ရကြောင်း Near Death Experience Research Foundation (NDERF) ကို ပြောကြားခဲ့ပါတယ် ။တွင်းဟာ သူ့တစ်ကိုယ်စာလုံလောက်အောင်ကျယ်တယ်လို့သူပြောတယ် ။

သူဟာ ပြုတ်ကျနေတုန်းမှာ နံရံက ပက်ကြားအက်တွေကိုဖမ်းဆွဲဖို့ကြိုးစားခဲ့သေးတယ်တဲ့ ။

သူ့အပြောအရတော့..

“ကတ္တရာမီးလောင်တဲ့အနံ့မျိုးရတယ်…ပြီးတော့ မျက်နှာပြင်ကအရမ်းကြမ်းနေတာကိုလက်တွေကတစ်ဆင့်သိနိုင်တယ် ၊
အပေါ်ရော အောက်ရော ဘာမှမမြင်ရဘူး ၊
ပြီးတော့ အမှုန်တွေအများကြီးလွင့်ပျံနေတယ် ၊
အထူးသဖြင့်မျက်နှာနားမှာပေါ့…တဖြည်းဖြည်း ကျွန်မအသက်ရှူလို့မရတော့
ကယ်ကြပါ…အသက်ရှူလို့မရတော့ဘူးလို့အော်ပေမယ့်…အော်လေလေ ..ပြုတ်ကျတာမြန်လေလေပါပဲ”

လူတွေကတော့ သူ့စိတ်က သူ့ကိုကစားသွားတာဖြစ်ကြောင်းဖြောင့်ဖျပေမယ့်လည်း Audra ကတော့ငရဲကိုသွားခဲ့ရတာဖြစ်ကြောင်းအခိုင်အမာကိုယုံကြည်ထားခဲ့တယ်။ ဒီတော့အရင်က သူဟာ ငရဲရှိကြောင်းမယုံကြည်ခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင်ခံစားခဲ့ရတဲ့အတွက် ယုံကြည်သွားခဲ့တယ် ။

ဒီလိုဖြစ်ခဲ့တာဟာ သူ့ဘဝအတွက်အကောင်းဘက်ကိုဦးတည်သွားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ သူသေဆုံးသွားတဲ့အခါ အခုလိုနေရာမရောက်ပဲ ကောင်းမွန်တဲ့နေရာရောက်ချင်တဲ့အတွက်ဘဝကိုကောင်းမွန်စွာနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ် ။

ကောင်းမွန်တဲ့ဘဝမှာနေထိုင်မှသာ သေတဲ့အခါ ငရဲရောက်မှာမဟုတ်ဘူးလို့သူမှတ်ယူသွားခဲ့တယ်။

“ကျွန်မပတ်ဝန်းကျင်အတွက်တတ်နိုင်သလောက်လုပ်ဆောင်သွားပေးမှာဖြစ်ပြီးတော့ သေပြီးတဲ့အခါ နေရာကောင်းတစ်ခုမှာနေရအောင်ကြိုးစားသွားမှာပါ ၊
ကျွန်မ အခုလိုလူကောင်းတစ်ယောက်ဖြစ်လာပြီဆိုပေမယ့်လည်း ဒီဖြစ်ရပ်ကြီးကိုတစ်သက်လုံးအမှတ်ရနေမှာဖြစ်တဲ့အတွက် သိပ်မပျော်မိပါဘူး”
လို့သူကပြောခဲံပါတယ် ။

Writer – Min Thu (XYZ News)

Ads