ကျွန်တော်တို့အကျင့်ဆိုးဆိုတာမျိုးကို ဆေးလိပ်သောက်တာမျိုး ၊ လမ်းဘေးစာတွေစားတာမျိုးတွေကို သတ်မှတ်ထားလေ့ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့သတိမထားမိတာကတော့ နေ့စဉ်လုပ်ဆောင်နေတဲ့ တစ်ချို့ကိစ္စတွေဟာလည်း လူကိုထိခိုက်စေနိုင်တဲ့အကျင့်ဆိုးတွေဆိုတာပါပဲ။
သင်သတိတောင်မထားမိပဲ လုပ်နေမိတဲ့အကျင့်ဆိုးတွေကို ပြောပြသွားတော့မှာပါ။

၁- သာမန်အဝတ်အစားတွေဝတ်ဆင်ကာညအိပ်ခြင်း

တကယ်တော့ သာမန်အဝတ်အစားတွေဝတ်ဆင်ပြီး အိပ်စက်ခြင်းဟာ အလွန်ပူလွန်းတဲ့အပြင် သက်တောင့်သက်သာလည်းမရှိပါဘူး။ဒီတော့ ညအိပ်တဲ့အခါသက်တောင့်သက်သာရှိစေမယ့် ညအိပ်ဝတ်စုံ ပွပွတစ်ခုလဲလှယ်ဝတ်ဆင်ကာ အိပ်စက်အနားယူသင့်ပါတယ်။

၂- သွားအလွန်အကျွံဖိတိုက်ခြင်း

သွားတိုက်တဲ့အခါဖိတိုက်လေလေ သန့်ရှင်းရှင်းလေလေလို့တွေးရင်တော့ မှားပါတယ်။သွားကိုအလွန်အမင်းဖိတိုက်တဲ့အခါမျိုးမှာ သွားတွေပျက်ဆီးတတ်ပြီး သွားဖုံးတွေလည်းထိခိုက်စေနိုင်ပါတယ်။

၃- အလုပ်နှစ်ခုပြိုင်လုပ်ခြင်း

အလုပ်နှစ်ခုပြိုင်လုပ်ခြင်းဟာလည်းမကောင်းတဲ့အကျင့်ပါပဲ။ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေ ၂ ရာခိုင်နှုန်းလောက်သာအလုပ်နှစ်ခုကို ပြိုင်လုပ်နိုင်စွမ်းရှိပါတယ်။သင်ဟာ ဒီ ၂ရာခိုင်နှုန်းထဲမှာမပါဘူးဆိုရင်တော့ သင်ပြိုင်လုပ်တဲ့အလုပ်နှစ်ခုဟာ တစ်လွဲစီတွေဖြစ်ကုန်ပါလိမ့်မယ်။

၄- ကိုယ်မတတ်နိုင်တဲ့အရာတွေကို အလွန်အမင်းတွေးတောခြင်း

အရာရာတိုင်းကို ပြောင်းလဲအောင် လုပ်ယူလို့မရပါဘူး ။တစ်ချို့အရာတွေကိုအရှိကိုအရှိအတိုင်းလက်ခံနိုင်အောင်ကြိုးစားပါ။ဒီလိုမဟုတ်ပဲ မဖြစ်နိုင်တာကိုအတင်းတွေးယူနေရင်တော့ ဖိအားတွေများလာပြီး စိတ်တွေညစ်ညူးလာပါလိမ့်မယ်။

၅- အဆိုးမြင်ခြင်း

ဘယ်အရာကြောင့်မှ ကမ္ဘာကြီးအဆုံးသတ်မသွားပါဘူး။နောက်ထပ်နည်းလမ်းတစ်ခုဆိုတာ အမြဲတမ်းရှိနေတုန်းပါ။အဆိုးမြင်အတွေးတွေဖြစ်လာတဲ့အခါမှာဒေါသတွေထွက် ၊ အစာမကြေတာမျိုးတွေဖြစ်လာကာ တဖြည်းဖြည်းနှလုံးရောဂါပါရလာနိုင်ပါတယ်။

၆- အချိန်ဆွဲခြင်း

အချိန်ဆွဲခြင်းဆိုတာဟာ အဆိုးဆုံးအကျင့်တစ်ခုဆိုလည်းမမှားပါဘူး။
ဘာကြောင့်လဲဆိုတော့ ဥပမာ သန်ဘက်ခါတင်ရမယ့် စာတမ်းကို ဒီနေ့မလုပ်ပဲ မနက်ဖြန်မှလုပ်မယ်ဆိုရင် အချိန်မှီမပြီးစီးပဲ အချိန်နောက်ကျကာ ကျောင်းမှာပြဿနာတက်နိုင်ပါတယ်။
အလုပ်တွေမှာလည်း ဒီသဘောပါပဲ။

၇- စူပုတ်နေခြင်း

လူတစ်ယောက်ကိုအမြင်နဲ့မဆုံးဖြတ်နဲ့ဆိုပေမယ့်လည်း တကယ့်လောကမှာတော့ စူပုတ်နေတဲ့သူကိုဘယ်သူမှ အဖက်မလုပ်ချင်ကြပါဘူး။တကယ်လို့သင်ဟာ အလိုလိုမျက်မှောင်ကျုံ့နေတတ်တာမျိုး ၊ မျက်လုံးချင်းဆိုင်ကြည့်တဲ့အခါ ရန်လိုနေတဲ့ပုံပေါက်နေတာမျိုးဖြစ်နေရင်တော့ ဒါတွေကိုပြင်ဆင်နိုင်ဖို့ကြိုးစားပါ။

Writer – Min Thu (Daily Hot News)

Ads