၁။ မြန်ဆန်​​စေသော setting

သင်​ဟာဖုန်​းတစ်​လုံးကိုအသုံးပြု​နေရင်​း “setting” ထဲက တစ်​ခုခုကို​ပြောင်​းလဲချင်​တဲ့အခါ “setting” ထဲဝင်​စရာမလိုပါဘူး။ ပင်​မ screen ရဲ့ “setting menu” ကိုလက်​​ချောင်​း​လေးနဲ့​အောက်​ဘက်​ကို ရိုးရိုး​လေးဆွဲချလိုက်​ပါ။ အဲ့လိုဆွဲချလိုက်​ရင်​ သင့်​ဖုန်​းမှာရှိတဲ့ “notification” ဆိုတဲ့အသိ​ပေး​ကြေညာချက်​​တွေ မြင်ရပါလိမ်​့မယ်​။ ​နောက်​တစ်​​ခေါက်​ ထပ်​ပြိီးဆွဲချလိုက်​ရင်​​တော့ သင်​့ဖုန်​းရဲ့ “setting screen” ကို​ရောက်​သွားပါပြီ။ ဒီနည်​းနဲ့လုပ်မယ်​ဆိုရင်​တကယ်​့ “setting” application ကိုရှာတာထက်​ပိုမြန်​ဆန်​ပါတယ်​။

၂။ အင်​တာနက်​အသုံးပြုမှုကန်​့သတ်​ခြင်​း

သင်​ရဲ့ပုံမှန်​​အင်​တာနက်​အသုံးပြုမှုထက်​ ဖုန်​း “background” ရဲ့အလိုအ​လျောက်​အသုံးပြုမှုက ပိုများ​နေရင်​ အဲ့လိုမဖြစ်​​အောင်​ သင်​့ရဲ့ဖုန်​းမှာသင်​ကိုယ်​တိုင်​ပြင်​ယူလို့ရပါတယ်​။ သင်​့ဖုန်​းရဲ့ “setting” မှတစ်​ဆင်​့ “data usage” ကိုဝင်​လိုက်​ရင်​ “restrict app background data” ဆိုတာကို​တွေ့ရင်​ “on” လိုက်​ပါ။ ဒီလိုလုပ်​လိုက်​ရင်​ သင်​ဖုန်​းရဲ့ activity ​တွေကို WIFI ချိတ်​မိမှသာ​ဒေါင်​းပါလိမ့်မယ်​။

၃။ Web Page ကို PDF အ​နေနဲ့သိမ်​းခြင်​း

Website ​တွေဖွင်​့ဖို့ စမတ်​ဖုန်​း​တွေနဲ့ ကွန်​ပျူတာ​တွေမှာပါ “Chrome” ကိုတွင်​တွင်​ကျယ်​ကျယ်​အသုံးပြုကြပါတယ်​။ “Chrome” ကိုအသုံးပြုမယ်​ဆိုရင်​​တော့ ဘယ်​လိုသုံးရင်​အ​ကောင်​းဆုံးဖြစ်​မယ်​ဆိုတာ သိထားသင့်​ပါတယ်​။ အင်​တာနက်​မရနိုင်​တဲ့​နေရာမှာ သင်​အရင်​ရှာထားခဲ့တဲ့ Website ​တွေကိုပြန်​ကြည်​့လိုတဲ့အခါ Web Page ​တွေကို PDF အ​နေနဲ့​ပြောင်​းထားလိုက်လို့ရပါတယ်​။ အဲ့လိုလုပ်​လိုက်​တာနဲ့ ဘယ်​အချိန်​မဆိုပြန်​ကြည်​့လို့ရမှာဖြစ်​ပါတယ်​။ သင်​ကြည့်​ခ​ျင်​တဲ့ Web Page ကို​ရွေးချယ်​ပြီးရင်​ “Share” မှတစ်​ဆင်​့ “Print” ကိုသွားလိုက်​ပါ။ “Print” ကို​ရောက်​ပြီဆိုရင်​ “Web Page” ကို “PDF” ​ပြောင်​းဖို့​ရွေးလို့ရပါပြီ။ ဒီနည်​းနဲ့ဆိုရင်​ သင်​ကြည့်​ခ​ျင်​တဲ့ Web ကိုသင်​ကြည့်​လိုတဲ့အချိန်​ အင်​တာနက်​ရှိရှိမရှိရှိ ကြည့်​လို့ရပြီ​ပေါ့။

၄။ ဖွင်​့ထား​သော Tab များအားကြည့်​ခြင်​း

လူ​တော်​​တော်​များများ “Chrome” application ကိုသုံးပြီးလို့ပြန်​ထွက်​လိုတဲ့အခါ “exit” ခလုတ်​ကိုနှိပ်​ကြပါတယ်​။ “Home” ခလုတ်နှိပ်​ပြီးထွက်​လိုက်​ရင်​ သင်​ဖွင်​့ထားတဲ့ “tab” ​တွေပိတ်​မသွားပါဘူး။ ကိုယ်​တိုင်​ပိတ်​မှသာ ပိတ်​သွားမှာဖြစ်​ပါတယ်​။ သင်​ဖွင်​့ထားတဲ့ window ၁၂ ခုရှိတယ်​ဆိုပါစို့။ အဲ့ဒီ ၁၂ ခုလုံးကိုမပိတ်​ရင်​ သင်​့ဖုန်​းဘက်​ထရီ အမြန်​ကုန်​သွားမှာဖြစ်​ပါတယ်​။ ဒီလိုမဖြစ်​ချင်​ရင်​​တော့ လွယ်​လွယ်​​လေးလုပ်​လို့ရပါတယ်​။ “Address bar” ကိုနှိပ်​လိုက်​ပြီးဆွဲချလိုက်​ရင်​ဖွင်​့ထား တဲ့ “Tab” ​တွေကို​တွေ့နိုင်​ပါတယ်​။ အဲ့ဒါ​တွေကို တစ်​ခုချင်​းစီပိတ်​လို့ရပါတယ်​။ ​နောက်​တစ်​နည်​းက​​တော့ “address bar” ​ဘေးမှာရှိတဲ့ နံပါတ်​ကိုနှိပ်​လိုက်​ပြီး “close” ကို​ရွေးလိုက်​ပါ။ ဒါဆိုရင်​​တော့ သင်​ဖွင်​ထားသမ​ျှ “window” ​တွေကို လွယ်​လွယ်​​လေးပိတ်​နိုင်​ပါပြီ​နော်​။

၅။ ဖုန်​းချဖို့ ပါဝါခလုတ်​ကိုသုံးပါ

ဖုန်​း​ပြောတ်​ိုင်​း သင်​့လက်​မဟာ ပါဝါခလုတ်​နဲ့အနီးဆုံးမှာရှိပါတယ်​။ ဒါ​ကြောင်​့ ဖုန်​းချဖို့အလွယ်​ဆုံးနည်​းလမ်​းက​တော့ ပါဝါခလုတ်​ကိုနှိပ်​လိုက်​တာပဲဖြစ်​ပါတယ်​။ ဒီလိုလုပ်နိုင်​ဖို့ သင်​့ဖုန်​းရဲ့ “setting” ထဲဝင်​ပြီး “Accessibility” ထဲက “Power button ends call” ကို “on” လိုက်​ပါ။ ဒါဆိုရင်​ ပါဝါခလုတ်​နှိပ်​ပြီးဖုန်​းချနိုင်​ပါပြီ။

၆။ မြန်​ဆန်​စွာဖုန်​းအားသွင်​းခြင်​း

ဖုန်​းအားအပြည့်​သွင်​းချင်​​သော်​လည်​း အချိန်​မရ​သောအခါမျိုးမှာ ခလုတ်​​လေးတစ်​ချက်​နှိပ်​ရုံနဲ့ ပုံမှန်​ထက်​ ၂ဆ ပိုမြန်​ပြီးဖုန်​းအားသွင်​းနိုင်​မ​ှာပါ။ “Setting”ထဲက “Airplane Mode” ကို “on” ထားလိုက်​ရင်​ရပါပြီ။ အားပြည့်​သွားရင်​​တော့ ပြန်​ “off” မှသာ သင်​ဖုန်​းဆက်​လို့ရမှာဖြစ်​ပါတယ်​​နော်​။

၇။ သင်​့ဆီပြန်​ပို့မယ်​့ စာတိုကို​စောင်​့ရတာဘယ်​​လောက်​ကြာလဲ ရှာကြည့်​ရ​အောင်​

တစ်​​ယောက်​​ယောက်​ဆီက ပြန်​စာကို​မျှော်​ရတာ​လောက်​ ဆိုးရွားတာမရှိပါဘူး။ သင်​ပို့တဲ့စာတို လက်​ခံသူဆီ​ရောက်​ မ​ရောက်​ကြည်​့လို့ရတဲ့လှည်​့ကွက်​​လေးတစ်​ခုရှိ​နေပါတယ်​။ စာအ​ပေးအယူ “Message” ထဲဝင်​ပြီး “screen” ရဲ့ညာဘက်​​ထောင်​့မှ ဆွဲချလိုက်​ပါ။ သင်​ပို့ထားတဲ့စာ​တွေ​ရော လက်​ခံရရှိထားတဲ့စာ​တွေရဲ့ တိကျတဲ့အချိန်​ကိုပြပါလိမ်​့မယ်​။

မှတ်ချက် ။ ။ ဖုန်းအမျိုးအစားနဲ ့အသုံးပြုထားတဲ့ OS System ပေါ်မူတည်ပြီး တစ်ချို ့Function တွေ အသုံးပြုလို ့မရတာမျိုးလဲ ဖြစ်နိုင်ပါသည် ။

Writer – Min Thu ( XYZ NEWS )

Ads