အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ ခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးက အစေးကပ်ပေမယ့် ဟနွိုင်းမှာ မနှစ်က ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးတာမျိုးအတွက် မြောက်ကိုရီးယားဖက်က လက်လှမ်းလိမ့်မှာ မဟုတ်ဘူးလို့ ကင်ဂျုံးအွန်ရဲ့ ထိပ်တန်းအကြံပေးတစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ညာချတာ ခံနေရပြီး အမေရိကန်ဟာ ပြီးခဲ့တဲ့ ဆယ့်ရှစ်လလုံးလုံးကို အချိန်တွေ အလဟဿဖြစ်စေခဲ့တယ်လို့ ကင်ကီဂျွမ်က ပြောကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက အင်္ဂလိပ်လို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“အမေရိကန်ရဲ့ လိမ်ညာတာကို ကျုပ်တို့တွေ ကြုံနေရတာပဲ။ တစ်နှစ်ခွဲမက အချိန်ဟာ ဆွေးနွေးပွဲတွေ လုပ်ဆောင်မယ်ဆိုတာနဲ့ ဟန်ပြခံခဲ့ရတယ်။ ကျုပ်တို့ရဲ့ အချိန်တွေဟာ အဟောသိကံ ဖြစ်ခဲ့ရတယ်။”လို့ ကင်ဂျုံးအွန် ထိပ်တန်းအကြံပေး ကင်ကီဂျွမ်က ပြောပါတယ်။ ကင်ဂျုံးအွန်ဟာ ထရမ့်နှင့်ရော တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ပါ ပြန်လည်သင့်မြတ်ရေး အစောပိုင်းက မျှော်လင့်ထားခဲ့အပြီးမှာ အခု ကင်ကီဂျွမ်ရဲ့ ပြောစကားကြောင့် နှစ်နိုင်ငံကြားက အနာဂတ် နျူကလီးယားဆွေးနွေးပွဲတွေအတွက် မရေရာမှုတွေ ပိုလို့ တိုးလို့ လာစေပါတယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာလည်း ကင်ဂျုံးအွန်က အမေရိကန်ဟာ ပြုံယမ်းကို ရန်လိုတဲ့ မူဝါဒရှိတယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ထင်မှတ်နေမှုကို သင်ပုန်းမချေနိုင်မချင်း သူ့နိုငငံအနေနဲ့ ဘယ်တော့မှ နျူကလီးယား စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။ အခု ကင်ကီဂျွမ်ရဲ့ ပြောစကားဟာလည်း ကင်ဂျုံးအွန်အတွက် ထရမ့်က မွေးနေ့ဆုတောင်းလွှာ ပါးလိုက်အပြီးမှာ ဖြစ်တာကြောင့် သံတမန်လမ်းကြောင်း ပြန်ပွင့်ရေးမှာ ဆူးငြောင့်ခလုတ်အဖြစ် ထွက်ပေါ်လာပြန်တာ ဖြစ်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ၇၃ နှစ် မွေးနေ့မှာ ကင်ဂျုံးအွန်က မွေးနေ့ဆုတောင်းပေးတယ် ပြောရင်း တောင်ကိုရီးယားကနေတစ်ဆင့် ကင်ဂျုံးအွန်ထံ မွေးနေ့ဆုတောင်းလွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ေြ မာက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာ မရှိပေမယ့် သူ့အဒေါ်တစ်ဦးရဲ့ ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးတစ်ခုမှာ ကင်ဂျုံးအွန်ရဲ့ မွေးနေ့ဟာ ၁၉၈၄ ဇန်နဝါရီ ၈ ရက်နေ့ ဖြစ်တယ်လို့ ပြောပြထားဖူးပါတယ်။

Rf; CNN
မောင်သံဆင့်(XYZ News)

Ads