သင်တို့အနေနဲ့ ကိုယ့်ကိုကို ရဲရင့်သတ္တိ ရှိတယ် ထင်ကောင်း ထင်နိုင်ပါတယ်။ ဒီ ပုဂ္ဂိုလ်ကို မတွေ့မချင်းမှာပေါ့။ သတင်းထူးအဖြစ် ဖော်ပြချင်တဲ့ အနှီပုဂ္ဂိုလ်ကတော့ သားရဲမိကျောင်းလေးကောင်ကို အစာကျွေးရာမှာ ရိုးရိုးတန်းတန်း ပစ်မကျွေးဘဲ မကြောက်မရွံ့ ကိုယ်တိုင် လက်နဲ့ အစာခွံကျွေးနေတဲ့သူပဲ ဖြစ်ပါတယ်။

ယုံဖို့ ခက်ခဲတဲ့ ဒီလူရဲ့ လုပ်ရပ်ကို ကိုယ်တိုင် ဗီဒီယို ကြည့်ပြီးရင်တော့ သင်တို့ရဲ့ သတ္တိကို မေးခွန်းထုတ်ချင်သွားမှာတော့ အမှန်ပါပဲ။
မိကျောင်းတွေက ဘယ်လိုပဲ ကြောက်စရာကောင်းကောင်း သူကတော့ ကြောက်စိတ်လုံးဝ မရှိသူပါပဲ။

အာဖရိက၊ ဘာကီနာဖာဆိုပြည်နယ်က ဆာဘူးရွာလေးမှာ မိကျောင်းတွေကို လက်နဲ့ အစာကိုယ်တိုင် ခွံကျွေးလို့ သတင်းကြီးတဲ့ ဒီလူအကြောင်းဟာ သတင်းမှာကို တစ်ခုတ်တရ ဖော်ပြရပါတယ်။

ဒီရွာက မိကျောင်းတွေဟာ ကြောက်ရွံ့စရာ သတ္တဝါစာရင်းဝင်တွေပဲ ဖြစ်ပေမယ့် မိကျောင်းကန်ထဲက ဒီ မိကျောင်းလေးကောင်ကတော့ အတော် ယဉ်ပါးနေပါပြီ။ မိကျောင်းတွေနဲ့ အတူနေထိုင်ရင်း ရွာသူရွာသားတွေဟာလည်း သူတို့ရဲ့ ကံတရား လမ်းပြသူတွေအဖြစ် မိကျောင်းတွေကို ယုံမှတ်ထားတော့တာ ဖြစ်ပါတယ်။

ပြောရရင် မိကျောင်းတွေဟာ အရှင်သခင်မျိုး ဆက်ဆံခံရတော့တာပါ။ ရွာသားတစ်ယောက် လိမ်လည်မယ်ဆိုရင် မိကျောင်းတွေက ဒါကို သိပြီး ဒီရွာသားကို စားပစ်မှာပဲလို့ကို ယုံကြည်နေတော့တဲ့ ရွာလေးပဲ ဖြစ်ပါတော့တယ်။

Rf; Elite Readers
မောင်သံဆင့်(XYZ News)

Ads