SpaceX တည်ထောင်သူ အီလွန်မတ်ဟာ လူတွေရဲ့ ဦးနှောက်တွင်း Bluetooth ချိတ်ဆက်နိုင်မယ့် ကိရိယာ ထိုးသွင်းတပ်ဆင်ပြီး တယ်လီပရီ စိတ်ချင်းဆက်သွယ်နိုင်မှာနဲ့ ဒဏ်ရာရလူတွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်စေမယ့် နည်းပညာမြင့်ကိရိယာကို ထုတ်လုပ်ဖို့ လိုလားနေပါတယ်။TSLA နဲ့ SpaceX တို့ရဲ့ စီအီးအို အီလွန်မတ်ဟာ သူ ထုတ်လုပ်မယ့် Neuralink ကိရိယာမှာ လူဆံခြည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတဲ့ ဝါယာကြိုးပေါင်း ၁၀၀၀ နဲ့ ချိတ်ဆက်မယ့် သေးငယ်တဲ့ chip ပါရှိကြောင်း ပြောပါတယ်။

အဲဒီ chip ဟာ Apple ရဲ့ Macbooks မှာ သုံးတဲ့ USB-C port လိုမျိုးပဲ ဖြစ်ပြီး Bluetooth ကနေ နားမှ တပ်ဆင်တဲ့ ကွန်ပျူတာအငယ်စားဆီ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

“ဦးနှောက်ထဲ ပစ္စည်း ထည့်ရမယ်ဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ ဘယ်လိုလုပ် အကြီးစားကို ထည့်ချင်မှာလဲ။”လို့ အီလွန်မတ်က ဆိုပြီး Neuralink ကိရိယာရဲ့ အလွန်သေးငယ်ပုံကို ပြောပါတယ်။ အီလွန်မတ် စတင်ခြေလှမ်းပြင်နေပြီဖြစ်တဲ့ Neuralink ကိရိယာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေချင်လိုသူတွေနဲ့ လေသင်တုန်းဖြတ်သူ လူနာတွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ နည်းပညာအရ လူနာရဲ့ ဦးနှောက်ထဲမှာ ကိရိယာငယ်ပေါင်း ၁၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ chip ကိရိယာငယ်လေးတွေဟာ သူ့ကို ထိန်းချုပ်မယ့် iPhone app နဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

ဒီ ကိရိယာကို စက်ရုပ်ငယ်ကနေပြီး လူနာရဲ့ ဦးခေါင်းထဲ ထိုးသွင်းပေးမှာပါ။ ခုလို ဦးနှောက်ထဲ ထိုးသွင်းပေးတဲ့ chip တွေဟာ ကြိုးမဲ့စနစ်လည်း ဖြစ်ပါတယ်။
အခု နောက်ဆုံး ပရောဂျက်ကတော့ လူသားမှာ အဲဒီ Neuralink ကိရိယာကို အသုံးပြုဖို့ လူလုပ်အသိဉာဏ် AI နည်းပညာသုံးပြီး ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း အီလွန်မတ်တက ပြောခဲ့ပါတယ်။ဒီ Neuralink နည်းပညာကိရိယာ လက်တွေ့အသုံးပြုလာနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြုပ်နှံထားကြောင်းလည်း ၎င်းက ဆိုထားပါတယ်။

ဒီထက် အဆင့်မြင့်တာတွေ တီထွင်နိူင်ခဲ့ရင် နောက်ပိုင်း လူတွေရဲ့ မှတ်ညဏ်ကို သိမ်းထားနိုင်ပြီး… တစ်ယောက်ထဲကို မှတ်ညဏ်တွေကူးထည့်နိုင်တာမျိုးတွေဖြစ်လာမှာပါ

Rf; CNN
Wrirter_မောင်သံဆင့် ( XYZ News )

Ads