မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အာဏာသိမ်းဖို့ ကြံတယ်ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို အသားစား piranha ငါးကန်ထဲ ပစ်ချပြီး သုတ်သင်ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာရှင် ကင်ဂျုံးအွန်အနေနဲ့ မေလအတွင်းက အမေရိကန်ဆိုင်ရာ သူ့ရဲ့ သံတမန်ကို ရှင်းလင်းသုတ်သင်တာ အပါအဝင် လက်ထောက်အကူ တော်တော်များများကို အစဖျောက် ရှင်းလင်းနေတာဟာ ခု ဗိုလ်ချုပ်ကြီးက နောက်ဆုံးတစ်ယောက်ဖြစ်ကြောင်း အမည်မဖော်တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။

အခု ဗိုလ်ချုပ်ကြီးကို အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုပြီး ကင်ဂျုံးအွန်ရဲ့ ပြုံယမ်းမှာရှိတဲ့ ယောင်ဆောင်းအိမ်တော်ရာက piranha အသားစားငါးကန်ထဲ ပစ်ချသုတ်သင်လိုက်တာဖြစ်တယ်လို့ Daily Star သတင်းက ဆိုပါတယ်။အဲဒီ အိမ်တော်ရာမှာ ဗိုလ်ချုပ်ကြီးကို ဓားနဲ့ လက်နဲ့ ကိုယ်လုံးကို မွှန်းပြီး အသားစားငါးကန်ထဲ ပစ်ချခဲ့တာလို့ အဲဒီ သတင်းမှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဓားဒဏ်ရာကြောင့် သေဆုံးပြီးမှ ငါးစာကျွေး ခံရတာလား ဒါမှမဟုတ် အသက်ရှိနေသေးချိန်မှာပဲ အသားစားငါးကန်ထဲ ပစ်ချခံရသလားဆိုတာကိုတော့ သေချာမသိရသေးပါ။

အဲဒီ ကန်ထဲက ငါးတွေဟာ ဘရာဇီးနိုင်ငံကနေ ဝယ်ယူမွေးမြူထားတဲ့ ငါးတွေ ဖြစ်ပြီး ချွှန်မြတဲ့ သွားတွေရှိပြီး လူအလောင်းတစ်လောင်ကို မိနစ်ပိုင်းနဲ့ ကုန်အောင် စားပစ်နိုင်ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ ၁၉၆၅ ဂျိမ်းဘွန်းရုပ်ရှင် You Only Live Twice ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို အတုယူပြီး ခုလို ဗိုလ်ချုပ်ကြီးကို ငါးစာကျွေးလိုက်တာ ဖြစ်နိုင်ကြောင်း Daily Star က ရေးသားပါတယ်။
“piranha ငါးတွေနဲ့ ငါးစာကျွေးတယ်ဆိုတာ ကင်ဂျုံးအွန်ရဲ စံပြယုဂ်ပဲ။”လို့ ဗြိတိန်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးက Daily Star ကို ပြောပါတယ်။
“သူဟာ အကြောက်တရားကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေသူပါ။ တစ်ယောက်ယောက်ကို ငါးစားကျွေး သတ်ဖြတ်မယ်ဆိုလည်း ကင်ဂျုံးအွန်အတွက် လက်တွန့့်နေမှာ မဟုတ်ဘူး။”လို့ အဲဒီ ထောက်လှမ်းရေး ရင်းမြစ်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို ဖခင်ဖြစ်သူ ကင်ဂျုံးအီ ကွယ်လွန်ပြီးနောက် အရိုက်အရာ ဆက်ခံတဲ့ ကင်ဂျုံးအွန် လက်ထက်မှာ ထိပ်တန်းအရာရှိကြီးတွေ ၁၆ ဦးအထိ ကွပ်မျက်ပစ်ခဲ့တယ်လို့ ယူဆရပါတယ်။
Rf; Daily Mail
မောင်သံဆင့် (xyz news)

Ads