အသက် ၂၀ အရွယ် စူပါမော်ဒယ်မလေး ကန်ဒဲလ်ဂျန်နာဟာ ဘာကြောင့် အတွင်းခံမဝတ်ရသလဲဆိုတာကို kendallj.com ဝက်ဘ်ဆိုဒ်ကနေ ပြောပြခဲ့ပါတယ်။

“အခုနောက်ပိုင်း ဘရာမပါဘဲ နေရတာ ကြိုက်နေတယ်။ လွတ်လွတ်လပ်လပ်ကြီးကို နေပစ်လိုက်တာ” လို့ သူမက ရေးသားထားပါတယ်။

“ကိုယ့်ရဲ့ရှပ်အောက်က ပြည့်ဖြိုးနေတာပဲဖြစ်ဖြစ် ပြားကပ်နေတာပဲဖြစ်ဖြစ် အဲဒါကို ပြသတာဟာ မိုက်တယ်လို့ ထင်မိလို့ပါ” လို့ သူမက ရေးသားထားပါတယ်။

အဲဒီနောက် ကန်ဒဲလ်ဟာ သူမကို အလှဆုံးဖြစ်စေတဲ့ အဝတ်အစားစာရင်းကို ရေးသားပြခဲ့ပါတယ်။

အဲဒီထဲမှာ ၅၈ ဒေါ်လာတန် Monrow Tissue အင်္ကျီ၊ ၂၂ ဒေါ်လာတန် Calvin Klein ချည်ဘရာ၊ ၃၅ ဒေါ်လာတန် Missguided Cold Shoulder တစ်ထည်။ ဒေါ်လာ ၄၀ တန် American Apparel Geo Lace Tank Bodysuit တစ်ထည်နဲ့ ၈၉ ဒေါ်လာတန် Annie Bing Striped Mesh တစ်ထည်တို့လည်း ပါဝင်ပါတယ်။

Ads